မကွေးဒေသ၊ အထက်မင်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဗမာပြည်ကာကွယ်ရေးတပ် USBA က ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်မှာ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ သရက်-မင်းလှ လမ်းပေါ်ရှိ ဇီးတောကျေးရွာနဲ့ မင်းဂံကျေးရွာကြား ဘွဲ့ကျေးရွာပေါက်မှာ စစ်‌ကောင်စီ ကား ၃ စီးနဲ့ အင်အား ၉၀ ခန့်ပါ စစ်ကြောင်းကို ဖေဖော်ဝါရီ ၃ ရက်၊ ညနေ ၃ နာရီခန့်မှာ အသာစီးရယူပြီး အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒဟတ်ပင် ရေနံမြေအ‌တွင်းရှိ ကွန်းသွန်းရွာလမ်းပေါက်‌မှာ ဇီးတောကျေးရွာဘက်မှ ထွက်လာတဲ့ အဆိုပါစစ်ကြောင်းကို ဖေဖော်ဝါရီ ၄ ရက်၊ မနက် ၉ နာရီ ၁၅ မိနစ်မှာ အသင့်စောင့်ကြိုပြီး အနီးကပ်ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၅ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၉ ရက်၊ ည ၇ နာရီခန့်မှာလည်း အထက်မင်းလှမြို့နယ် ရေနံမြေရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခဲ့ရာ အများအပြားထိခိုက်ဒဏ်ရာရကြောင်းသိရသော်လည်း ထိခိုက်သေဆုံး အတိအကျကို မသိရဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ USBA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed