August 10, 2023 || Tongsan Media Group ||
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီး ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၁ နာရီခန့်မှ စတင်ကာ ၄ စစ်ကောင်စီခြေမြန်တပ်ရင်း ၅၈၉ ဦးဆောင်လာသည့် အင်အား ၆၀ခန့်ပါ စစ်ကြောင်းနှင့် KNLA၊ PDF ပူးပေါင်းအထူးကွန်မန်ဒိုတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကာ ဒဏ်ရာတော်တော်များများရသွားတယ်။ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းနိုင်ခဲ့ကြောင်းအမှတ် (၂ ) စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက အတည်ပြုပြောကြားသည်။
စစ်ကောင်စီစစ်ကြောင်းလှုပ်ရှားမှုရှိနေ၍ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ရွာအပြင်ဖက်တွင် လုံခြုံရေးယူထားစဉ် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲအပြင်းထန်ဖြစ်ပွားခြင်းဟုသိရသည်။ တောင်ပိုင်းတိုင်းအမှတ် (၂ )စစ်ဒေသခွဲ၊အထူးကွန်မန်ဒိုစစ်ကြောင်းမှ ရဲဘော်ကျော်ကြီး ဦးခေါင်း လက်နက်ငယ်ထိမှန်ကာကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးဒဏ်ရာရခဲ့သည်ဟုသိရသည်။ “ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ မနေ့(သြဂုတ် ၉)က လက်နက် ၁၈ လက်ရထားတယ်။ ဒီကနေ့မနက် ခြောက်လက်ထပ်ရတယ်။ ရန်သူ့ထံက လက်နက် ၂၄ လက်ရထားပါတယ်”ဟု အထူးကွန် မန်ဒိုတပ်ရင်း(တောင်ပိုင်းတိုင်း)မှ ရုံးထိုင်မှူးက ပြော သည်။
အထက်ပါတိုက်ပွဲသည် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၉ နာရီကြာဖြစ်ပွားခဲ့ပြီးဒဏ်ရာရ ရဲဘော်မှာမစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ စက်လတ်တစ် လက်၊ MA 1 ရှစ်လက်၊ MA 2 တစ်လက်၊ MA3 တစ်လက်၊ MA 4 တစ်လက်၊ မိုင်းရှာစက် တစ်လုံး၊ ဒရုန်းပစ်တစ်လက်၊ ကျည်အိမ် ၁၂ ခု၊ ၆၀ မမ ဗုံးသီးတ ချို့နှင့် ကျည်ဆန်အများအပြားရရှိထားကြောင်း အထူးကွန်မန်ဒိုတပ်ရင်း(တောင်ပိုင်းတိုင်း)က အသိ ပေးသည်။ အထက်ပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပိန်းဇလုပ် အခြေစိုက် ခမရ-၂၆၄ အပြင် ကျောက်တံခါးမြို့နှင့် သူဌေးကုန်းတွင် တပ်စွဲထားသော စစ်ကောင် စီတပ်များက လက်နက်ကြီးပစ်ကူပေးခြင်း၊ လေ ကြောင်းမှ နှစ်ကြိမ်လာရောက်၍ ပစ်ကူပေးခြင်းများရှိခဲ့သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားနေချိန် ယမန်နေ့ နံနက်ပိုင်းကစပြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ဗောဓိကွင်း၊ နံဇ၊ သူ ဌေးကုန်း၊ တောင်ခင်၊ ရေတွင်းကုန်းစသည့် ကျေး ရွာအုပ်စုများမှ ပြည်သူများအနေဖြင့် ည ၆ နာရီမှ မနက် ၆ နာရီအတွင်း သမင်အင်းကုန်း-ကျောက်တံခါး၊ သ မင်အင်းကုန်း-သူဌေးကုန်း လမ်းများအား သွားလာခြင်းမပြုကြရန် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)က သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်က ယခုလ(သြဂုတ်)၃ ရက်တွင် ပထမအကြိမ်စစ်ကြောင်းထိုးခဲ့စဥ်ကလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ လေးဦးသေ၊ လေးဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။
Source: People’s Spring
Hits: 0