ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း ( Zo Re-Unification Organization – ZORO) ရဲ့ဦးဆောင်မှုဖြင့် ဒီကနေ့မှာ ICNCC/CB နဲ့ ချင်းပြည်ကောင်စီ/CNF တို့ဒီကနေ့အိုင်ဇောလ်မြို့မှာတွေ့ဆုံခဲ့ကြပြီး အချက် ၅ ချက်ကို ကနေဦးသဘောတူခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုမှာ ကြားကာလချင်းအမျိုးသာအတိုင်ပင်ခံကောင်စီ – ICNCC၊ ချင်းညီနောင်၊ ချင်းပြည်ကောင်စီ နဲ့ ချင်းအမျိုးသားတပ်ဦးတို့မှာ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး အကြိတ်အနယ်ဆွေးနွေးကြပြီးနောက် အချက် ၅ ချက် ကိုသဘောတူနိုင်ခဲ့တယ်လို့ ZORO က သတင်းထုတ်ပြန်ပါတယ်။

ကနေဦးသဘောတူညီချက်တွေကတော့ ချင်း-မီဇိုး-ကူကီး မျိုးနွယ်စုများဟာ ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား နဲ့ ယာဉ်ကျေးမှုတူညီသော သေအတူရှင်မကွဲညီအကိုအရင်းတွေဖြစ်ကြတယ်။ ကျွန်တော်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် တော်လှန်ရေးလုပ်ငန်းများဆောင်ရွက်ကြရာမှာ အချင်းချင်းကြား သဘောထားကွဲလွဲမှုတွေရှိတာ စိတ်မကောင်းဖြစ်ပြီးနောက်နောင် ဒီလိုမျိုးမဖြစ်တော့ဖို့သဘောတူတယ်။

နောက်နောင်မှာ အချင်းချင်းကြာ ပဋိပက္ခဖြစ်လာရင်လည်း လက်နက်နဲ့ဖြေရှင်းတာမလုပ်ကြရန် နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအောင်မြင်လာဖို့အတွက် နှစ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ လို့အပ်သလို ထပ်မံတွေ့ဆုံမှုများပြုလုပ်သွားရန် သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းဖို့လည်းနှစ်ဖက်စလုံးကသဘောတူထားပြီး နောက်ထပ် အစည်းအဝေးမှာ ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းမယ်ဆိုတဲ့ အချက်တွေကိုသဘောတူခဲ့ကြတာဖြစ်တယ်။

ဒီကနေ့တွေ့ဆုံမှုမှာ ICNCC ဘက်က ဆလိုင်းလျန်လွယ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ ချင်းညီနောင်ဘက် မှ Paw Sila ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ချင်းပြည်ကောင်စီဘက်က ဝန်ကြီးချုပ်ဦးပါထန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ ချင်းအမျိုးသားတပ်ဦး ဘက်မှာ ဦးထန်းနိန်းကီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။

Hits: 1

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed