ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ သန်းခေါင် စာရင်းကောက်ယူမှုမှာ တက်ကြွပါဝင်သည့် ဦးကမ်လန်ထန် ကို အောက်တိုဘာ ၄ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ PDF Zoland အဖွဲ့ က အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ PDF Zoland ပါ၀င်တဲ့ ချင်းညီနောင် (Chin Brotherhood) အဖွဲ့ ရဲ့ ထုတ်ပြန် ကြေညာချက်ကို လေးစားလိုက်နာမှုမရှိတာကြောင့် အခုလို ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။

” သူက မြို့မိမြို့ဖ လည်း ဖြစ်သလို စကစ ရဲ့ စီမံ၂ မှာလည်း ပါဝင် တယ်။ အောက်တိုဘာ ၁ ရက်မတိုင်ခင်ကတည်းက လျှပ်စစ်မီတာကို အကြောင်းပြပြီး အိမ်ထောင်စုစာရင်းကောက်ဖို့ အရင် ကြိုလှုပ်ရှားခဲ့တာ၊ သန်းခေါင်စာရင်းစကောက်တဲ့အချိန်မှာ သူလည်းပါတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးကမ်လန်ထန် ကို တီးတိန်မြို့‌ပေါ်နဲ့ လမ့်ဇမ်ကျေးရွာကြားမှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့က ချင်းညီနောင်အဖွဲ့ရဲ့ ထိန်းချုပ်လှုပ်ရှားရာ နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါ၀င်‌သူ‌တွေကို ထိထိရောက်ရောက်အရေးယူမယ်လို့ ချင်းညီနောင်က သတိပေးထုတ်ပြန်ထားတာပါ။ သန်းခေါင်စာရင်းကောက်ယူမှုမှာ ဆက်လက်ပါဝင်လှုပ်ရှားသူရှိလာရင် အလားတူ အရေးယူထိန်းသိမ်းမှုမျိုး ဆက်လုပ်သွားမယ်လို့ PDF – Zoland က ဆိုပါတယ်။

Hits: 1

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed