ချင်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားသော PDF- Zoland သည် မကြာသေးခင်ရက်ပိုင်းက PDF-Zoland မွမ်းမံတန်းမြှင့်သင်တန်းအပတ်စဉ် (၁)ကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီး အမျိုးသမီးရဲဘော် ၃၀ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း သိရသည်။ ပြီးခဲ့သော အပတ်ထဲက လွတ်မြောက်နယ်မြေတစ်နေရာမှာ PDF-Zoland မွမ်းမံသင်တန်း အပတ်စဉ် – ၁ ကို ကျင်းပခဲ့ကြခြင်းဖြစ်ပြီး သင်တန်းသားထဲတွင် အမျိုးသမီးရဲဘော် ၂၀ ဝန်းကျင်ခန့်က ပါဝင်သည်ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူ Pu Robert က ပြောသည်။

“အဲဒီတန်းမြှင့်သင်တန်းမှာ အမျိုးသမီးရဲဘော် ၂၀ နီးပါးလောက် ပါဝင်တယ်။ ရာခိုင်နှုန်းကတော့ ၃၀ လောက်ပေါ့နော်။ တန်းမြှင်သင်တန်းဆိုတာ ကျနော်တို့တပ်ဖွဲ့ရဲ့ ရေရှည်အတွက်ဖြစ်ပါတယ်” ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူ Pu Robert က ပြောသည်။ မြန်မာပြည် စစ်အာဏာရှင်လက်မှ လွတ်မြောက်ဖို့ရန် Zoland Army မွမ်းမံတန်းမြှင့်သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပထားပြီးဖြစ်ကြောင်း PDF Zoland ကလည်း ထုတ်ပြန်သည်။

မွမ်းမံတန်းမြှင့်သင်တန်းဆင်းပွဲကို PDF – Zoland သင်တန်းသူ/သား ၇၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း ယင်းအဖွဲ့မှ ထုတ်ပြန်သော သတင်းဓါတ်ပုံများအရ သိရသည်။ မွမ်းမံတန်းမြင့်သင်တန်းများကိုလည်း ထပ်မံပြုလုပ်သွားရန် အစီအစဉ်များလည်း ရှိကြောင်း၊ Zoland Army မွမ်းမံသင်တန်းများသည် ကိုယ်ပိုင်ထိန်းချုပ်နယ်မြေများ၊ လွတ်မြောက်နယ်မြေများ ဖန်တီးရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။ PDF- Zoland သည် ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်တွင် စစ်အာဏာရှင်တော်လှန်ရေး ဆောင်ရွက်နေသာ ချင်း (Zomi) လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed