တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့၌ နိုဝင်ဘာ ၆၊ ၇ ရက်များက ပြုလုပ်ခဲ့သော အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) ဆက်စပ်အစည်းအဝေးများသွားတက်ရာမှ ပြန်ရောက်လာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့တွင် နေပြည်တော်လေဆိပ်၌ အနုပညာရှင်တချို့အပါအဝင် တရုတ်နွယ်ဖွားမြန်မာများ ကြိုဆိုခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်၏ အပြန်ခရီးအား ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်သော စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်တပ်ထောက်ခံသူများ၊ အနုပညာရှင်တချို့ဖြစ်သည့် ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ မေသဥ္ဇာဦး၊ ဂျင်းနီ၊ ယုန်လေးနှင့် ဒိန်းဒေါင်တို့ပါ ကြိုဆိုခဲ့ကြသည်။

အာဏာသိမ်းပြီးနောက် သွားရသည့် စစ်ခေါင်းဆောင်၏ ပထမဦးဆုံးခရီးစဉ်အတွင်း ဝန်ကြီးချုပ် လီချန်အပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သလို တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မြန်မာ၌ ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed