ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါး-ဖလမ် ကားလမ်းဘေး မှာတည်ရှိတဲ့ ချွန်ကျုံးရွာ ကို စစ်အုပ်စုက ဒီဇင်ဘာလ ၁၀ ရက် ဒီကနေ့မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် နေအိမ်အတွင်းရှိနေတဲ့ အိမ်ထောင်ဦးစီးဖြစ်သူ အသက် ၆၆ နှစ် အရွယ် ဦး ဦးရမ်ကျုံး ( Pu Ram Cun) ၊ ဇနီးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဒေါ်သလျားပုန်း (Pi Tial Pum ) ၊ သမီးဖြစ်သူ အသက် ၄၇ နှစ် အရွယ် မဆွေး လဲန်း (Pi Sui Len ) နဲ့ အသက် ၁၃ နှစ်အရွယ် မဗျဲက်ထာ (Mai Biak Tha Tin Cuai ) တို့ လေးဦး သေ ဆုံးခဲ့သလို ဒေသခံ ကိုးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗုံးကြဲတာကတော့ အခုထိတော့ နှစ်ကြိမ်လောက်ရှိပြီ။ လူတွေ တော့ တော်တော်များများ ထိခိုက်ထား တယ်။ အားလုံး အတည်မပြုနိုင်သေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီလို ဗုံးကြဲတိုက်ခိုက်တာဟာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဟားခါးမြို့နဲ့ ဖလမ်းမြို့၊ မင်းတပ်မြို့တွေမှာ စစ်အုပ်စုနဲ့တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲ ဖြစ်ပွားနေပေမဲ့ ချွန်ကျုံးရွာ အနီးမှာ‌တော့ တိုက်ပွဲ ဖြစ်ပွားတာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်တွေက ဟားခါးမြို့နဲ့ ဖလမ်းမြို့၊ မင်းတပ်မြို့တွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေသလို စစ်အုပ်စုတပ်တွေက မြို့ မကျရေး အတွက် မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါ တယ်။

ချွန်ကျုံးရွာဟာ ဟားခါး-ဖလမ်းကားလမ်းဘေးမှာ တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ခန့် ရှိကာ ချင်းပြည်နယ်မှာ ရွာတန်းအရှည်ဆုံး ရွာကြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ နေအိမ် ၁၀ လုံး ကျော် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed