Chin Peace and Reconciliation Initiative (ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့) ဦးဆောင်မှုဖြစ် ချင်းကောင်စီ၊CNF/A၊ ICNCC၊ ချင်းညီနောင် အဖွဲ့တို့နဲ့အတူ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်တို့ ဒီဇင်ဘာ ၁၀ ရက်ညက ငြိမ်းချမ်းရေးညစာစားပွဲပြုလုပ်တယ်လို့သတင်းရရှိတယ်။ ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့ (Chin Peace and Reconciliation Initiative)ဟာ အမေရိကန်ရောက် ချင်း အသင်းတော်အဖွဲ့အစည်းဖြစ်တဲ့ CBANA နဲ့ CBCUSA တို့က ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ဖြစ်ပါတယ်။

ယင်းညစာစားပွဲတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ချင်း/ဇိုလူမျိုးဟာ လူဦးရေမများတဲ့တွက်ကြောင့် အချင်းချင်း စည်းလုံးကြရန် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့ဘက်က ဒုဥက္ကဌ ဖြစ်သူ၊ CBCUSA အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ Rev.Dr.Ceu Lian Thang တက်ရောက်ခဲ့တယ်။ ဥက္ကဌဖြစ်သူ CBANA အထွေထွေအတွင်းရေးမှူး Rev.Dr. Biak Lian Thang တော့ မပါဝင်နိုင်ပါ။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ CYMA (Central Yong Mizo Association), MZP (မီဇိုကျောင်းသားများအဖွဲ့), MSU (မီဇိုတက္ကသိုလ်ကျောင်းသားများသမဂ္ဂ), ZORO (ဇိုမျိုးနွယ်စုများပြန်လည်းပေါင်းစည်းရေးအဖွဲ့) တို့ဖြစ်ပြီး လူ ၅၈ ယောက်တက်ရောက်လာကြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed