မြင်းခြံမြို့နယ်မှာ ရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနဲ့ အထိုင်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး/ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ Freedom Fighter Guerrilla Force ရဲ့ ဒီဇင်ဘာ ၁၂ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

သစ်ရုံကျေးရွာကို စစ်ကြောင်းထိုးပြီး ရွာကို မီးရှို့နေတဲ့ စကစတပ်ဖွဲ့ဝင်နဲ့ ပျူ ပူးပေါင်းစစ်ကြောင်းကို ဒီဇင်ဘာ ၆ ရက်မှာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိနိုင်တယ်လို့ ‌ဖော်ပြထားပါတယ်။

လယ်သစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူ ပူးပေါင်းအဖွဲ့ကိုလည်း ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင်တွေနဲ့ လက်ပါးစေ ၇ ဦးသေဆုံးပြီး ၃ အပြင်းအထန်ထိခိုက်သွားကြောင်း စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှု‌တွေကို Freedom Fighter Guerrilla Force ၊ MYINGYAN 35 ၊ 8 STARS ၊ ပြည်ချစ်သား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed