မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင် အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့မှာ ကူကီး-ဇို အမျိုးသမီး ရာနဲ့ချီ ဇန်နဝါရီ ၃ရက်နေ့က မိုးရေးမြို့ တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ရက်နေ့က ဆိုင်ဘိုလ် ဒေသမှာ ကူကီး-ဇိုအမျိုးသမီးများ တားဆီးပိတ်ဆို့မှုကို CRPFတပ်များနဲ့ BSF တပ်ဖွဲ့များက အကြမ်းဖက်နှိမ်နင်းမှုကြောင့် အမျိုးသမီး (၆၄)ဦး ထိခိုက်ဒါဏ်ရာရရှိပြီး တစ်ဦးမှာ မျက်လုံးတစ်ဘက်ခွဲထုတ်ခံရတဲ့ အထိဖြစ်ပွားတဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း Kuki inpi tingnoupal မှဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတာလို့ တာဝန်ရှိသူများကပြောပါတယ်။

“ဒါကြောင့်မိုးရေးမြို့ရှိ အစိုးရဆိုင်ရုံးများ၊ ဆိုင်ခန်းများ၊ လမ်းသွားလမ်းလာများကိုလည်း ပိတ်ထားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၄ရက် ခရစ္စမတ်ပွဲညကနေစပြီး ကသည်းအကြမ်းဖက်သောင်းကြမ်းသူတွေက ကူကီး-ဇို များရဲ့ ခစ္စမတ်ပွဲကို လာရောက်နှောက်ယှက်ခဲ့ရာမှ နှစ်ဘက်ထိတွေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၃၁ရက်နေ့က ကူကီး-ဇို စေတနာ့ဝန်ထမ်း များရဲ့ ဆိုင်ဘိုလ်ကင်းစခန်း အမှတ်(၁)ဂိတ်ကို အိန္ဒိယ CRPFတပ်နဲ့ BSF တပ်များက သွားရောက်ဖျတ်ဆီး တပ်စွဲဖို့ပြုလုပ်ရာမှ ကူကီး-ဇို အမျိုးသမီးနဲ့ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသအခြေစိုက်မီဒီယာများကဖော်ပြထားပါတယ်။

အခုလို တပ်စွဲထားရန် ပြင်ဆင်နေတဲ့ အိန္ဒိယ ဗဟိုတပ်ဖွဲ့များကို အယုံကြည်မရှိတာကြောင့် အမျိုးသမီးအဖွဲ့က ဆန္ဒပြပြီး အစိုးရဗဟိုတပ်အနေနဲ့ ပြန်လည်ဆုတ်ခွာဖို့တောင်းဆိုချက်ကို ငြိမ်းချမ်းစွာမဖြေရှင်းဘဲ အကြမ်းဘက်နိမ်နင်းခဲ့ပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်လို့ အမျိုးသမီး (၆၄)ဦးထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး အချို့မှာပြင်းထန်ဒါဏ်ရာရရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ယခုဖြစ်စဉ်နဲ့ပါတ်သတ်ပြီး ကူကီး-ဇိုကောင်စီမှ အိန္ဒိယဗဟိုတပ်ဖွဲ့များ ဆိုင်ဘိုလ်ဒေသကနေ ထွက်ခွာပေးမှုမရှိမခြင်း ဆက်လက် ဆန္ဒပြသွားမှာဖြစ်ပါတယ်။ ၎င်းဒေသဟာ ကူကီး-ဇိုနဲ့ ကသည်းပိုင်နက်နယ်မြေ နယ်စပ်ဖြစ်တဲ့အတွက် ကျတော်တို့ စေတနာ့ဝန်ထမ်းများကသာ လုံခြုံရေးယူတယ်လို့ပြောပါတယ်။ဒါကြောင့် ဒီပြဿနာကို အိန္ဒိယဗဟိုအစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့လည်း ဆက်လက်တောင်းဆိုသွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed