Chin Brotherhood (CB) အဖွဲ့များသည် ဒေသခံများနှင့် ပူးပေါင်းကာ ချင်းပြည်နယ် တောင်ပိုင်း မြို့ကြီးများ သိမ်းပိုက်နိုင်ခဲ့ကြသည်။ Chinland Council (CC) အဖွဲ့များနေထိုင်တဲ့ ဟားခါးခရိုင်ကို CC ကမထိန်းချူပ်နိုင်ဘဲ ဖလမ်းခရိုင် နှင့် တီးတိန်ခရိုင် တွင် Chin Brotherhood /PDF Zoland နှင့် ZRA EC ကိုနှောက်ယုက်ကာ တို့နယ်မြေ အတွင်းစစ်မျက်နှာဖွင့်ကာ အချင်းချင်း တိုက်ခိုက်လာကြသည်ကိုတွေ့ရသည်။

CNA/F ကတော့ ချင်းပြည်နယ်မှာ ယခုကာလထိ အထူးသဖြင့် နွေဦးတော်လှန်ရေးမတိုင်ခင်မှာလဲ တီးတိန်မြို့နယ်အတွင်း မသမာမူတွေ အမြဲလုပ်ခဲ့ပါတာ နှစ် ၃၀ ကျော်လာပြီဖြစ်သည်။ ယခု နွေဦးတော်လှန်ရေး အတွင်း မှာလဲ Chinland Council နာမည်နှင့် တီးတိန်ခရိုင်မှာ ခွင့်လွှတ်လို့မရတဲ့အမှားတွေ ဆက်တိုက် ကျူးလွန်တယ်။ ဇိုမီး တပ်မတော် ZRA EC ကို အ ကြောင်း အမျိုးမျိုး ပြပြီး တိုက်ခိုက်ကြတယ်။ ချင်းညီနောင် များကိုလည်း တိုက်ခိုက်လာပါတယ်။ ၂၀၂၁ အာဏာသိမ်းခါစက ချင်းညီနောင် အဖွဲ့သားများသည် CC အဖွဲ့သားများနှင့် ပူးပေါင်းခဲ့ဖူးပါတယ် ဒါပေမဲ့ CNA/F က ဦးဆောင်ပြီး ချယ်လည်ချင်သောကြောင်း ခွဲထွက်ခြင်းဖြစ်သည်။


လက်ရှိမှာ တီးတိန်မြို့နယ် Chin Brotherhood (CB) ထိန်းချုပ်နယ်မြေကို ကျူးကျော်ပြီး စစ်ကြောင်းထိုး စစ်ရေးပြင်ဆင်နေတာဟာ လွန်ခဲ့တဲ့ကာလမှ လုပ်ခဲ့တဲ့ အမှားတွေထက် ပိုပြီး ရှုပ်ထွေးပြီး နောက်ဆက်တွဲကြီးမားစေမယ့် ခွင့်လွတ်လို့မရတဲ့ အမှားမျိုးကို စပြီး ပြင်ဆင်နေကြတာကို တွေ့ရတယ်။ ပြီးခဲ့တဲ့ နှစ်မတူပီးမြို့သိမ်းပွဲမှာလည်း CB ရဲ့ အနောက်ကနေ CC ကစစ်ကောင်စီကို ကူညီခဲ့ဘူပါသည်။ ယခု ဖလမ်း အပြီး တီးတိန်မြို့သိမ်းပွဲအတွက် CB ပြင်ဆင်နေစဉ် CC က စစ်ကောင်စီအတွက် အကာကွယ်ပြုလုပ်လာသည်။


တီးတိန်မြို့သိမ်းနိုင်ရန် CB များကိုကူညီနိုင်မည့် ZRA EC ရဲ့လမ်းကြောင်းများတွင် CC ကနေရာယူထားပြီး စစ်ကောင်စီ အတွက်အကာကွယ် ပြုလုပ်ထားသည်ဟု သတင်းရရှိပါသည်။ ထန်တလန်ကို မသိမ်းဘဲ ပြောက်ကျား စနစ်ဖြင့် တခါတလေ တိုက်ကြသည်။ ဟားခါးဆိုရင်လည်း လုံးဝ မတိုက်ဘဲ CNA/F များ အဝင်အထွက် လုပ်နိုင်တဲ့အပြင် သူ့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာတောင် ထောက်ကခံမှုကျဆင်းလာနေတဲ့ Chinland Council ရဲ့ အဓိက မောင်းနှင်သူ CNFကတော်လှန်ရေး သစ္စာမဲ့တဲ့အလုပ်၊ လူကြီးလူကောင်းမဆန်တဲ့အလုပ်အပြင် တော်လှန်သူအချင်းချင်းထားအပ်ရတဲ့ စည်းတွေ ဘောင်တွေကို ချိုးကြပါတယ်။


ZRA EC နှင့် CB အုပ်စုတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ နယ်မြေတွေကိုသေချာ ထိန်းချပ် သိမ်းပိုက်နိုင်ဖို့ပြင်ဆင်ကြပေမယ့် CNF /CC ဟာ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ မရာနယ်မြေ၊ ဖလမ်း၊ တီးတိန်-တွန်းဇန်မြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့အချင်းချင်း ခြေထိုးတာ နောက်ကျော က်ိုထိုးတာ အတင်းအဓ္ဓမလက်ဦးမှုယူတာတွေဟာချင်းပြည်နယ် တော်လှန်ရေးသမိုင်းတစ်လျှောက် ရှက်စရာအကောင်းဆုံး အညစ်ပတ်ဆုံးနှင့် မသသီစရာအကောင်းဆုံး သမိုင်းဖြစ်စဥ်အဖြစ်ကျန်ခဲ့မှာပါ။


ZFU/PDF -Zoland နှင့် ချင်းညီနောင်က သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အခွန်မကောက်ဖို့၊ နယ်မြေချဲ့ထွင်တာမလုပ်ဖို့ အကြိမ်ကြိမ် သတိပေး၊ လူကြီးလူကောင်းဆန်ဆန် ညှိနှီုင်းကြတာ လုပ်ခဲ့ကြပေမယ့် မထီမဲ့မြင်ပြုပြီး သူတို့ကိုယ်တိုင်ပြောတဲ့ချင်းပြည်တည်ဆောက်ရေး၊ အမျိုးသားရေးတည်ဆောက်ရေး ညီညွှတ်ရေးစတာတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာကြတာဟာလည်း သမိုင်းဆိုးအဖြစ် ကျန်ခဲ့တော့မှာပါ။


တကယ်လို့ CC /CNF အုပ်စုတွေသာ တီးတိန်မြို့ကို ဝင်လာရင် ရေရှည်ပဋိပက္ခတစ်ခုကို စတင်မီးမွေးလိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ CB ကို ကူညီဘို့ ZRA EC အနေဖြင့် အဆင်သင့် ဖြစ်နေပါတယ် ဟုသတင်းရရှိပါတယ်။ ချင်းပြည်နယ် အမျိုးသားရေးပြောနေကြတဲ့ ဇိုမျိုးနွယ်စု ထဲမှာ လက်နက်ကိုင် အဖွဲ့ကြီးများမှာ၊

  1. ချင်းညီနောင် (CB) အဖွဲ့များ
  2. ချင်းကောင်စီ (CC) အဖွဲ့များ
  3. ဇိုမီးတပ်မတော် (ZRA EC) အဖွဲ့များ တို့ဖြစ်ကြသည် ထို့ကြောင့် ဇိုမျိုးဆက်များ ပူးပေါင်းနိုင်ရန် ZORO ကလည်း မကြိမ်ပေါင်းများစွာ တိုက်တွန်းခဲ့ပါသည်။

ချင်းပြည်နယ်တောင်ပိုင်းကို CB ကထိန်းသိမ်းနိုင်ပြီး ချင်းပြည်နယ်မြောက်ပိုင်းသာ ကျန်ပါတော့သည်ကိုတွေ့ရသည် ချင်းပြည်နယ် ကိုထိန်းချူပ်နိုင်ရန် အဓိက လိုအပ်ချက်ကတော့ တီးတိန်ရိုင် နှင့် ဖလမ်းခရိုင်အတွင်း CNA/F အနေဖြင့် ဒေသခံ လက်နက်ကိုင်ဖြစ်ကြသော CNO နှင့် ZRA EC/ZPCC နယ်မြေကျူးကျော် မူကိုရပ်တန်းသင့်သည်။ CNA /F CC အနေဖြင့် ဖလမ်းခရိုင် နှင့် တီးတိန်ခရိုင် အတွင်း CNA တပ်စခန်းများအားလုံး အကြောင်းပြချက်မရှိ ရုပ်သိမ်းရန် နှင့် CNO, ZRA EC ရဲ့ နိုင်ငံရေး သဘောထားနှင့် မူဝါဒများကို လေးစားလိုက်နာရန် အသိမှတ်ပြုရန် များကိုလဲလိုက်နာဆောက်ရွက်သင့်သည်။


ဖလမ်းခရိုင်, တီးတိန်ခရိုင် အတွင်း လူမျိုးစုကိစ္စရပ်များတွင် ဝင်ရောက်ပါဝင်စွပ်ဖက်ခြင်း၊ မပြုလုပ်ဘဲ ပြည်သူလူထုများ၏ စည်းလုံးညီညွတ်မူကို အမျိုးမျိုးသွေးခွဲ ရိုက်ခွဲပြီး ဖလမ်းခရိုင် နှင့် တီးတိန်ခရိုင် နယ်နိမိတ်များကို အသစ်ပြန်လည်ပြောင်းလဲနိုင်ရေးအတွက် ကြိုးစားအားထုတ်နေခြင်းကို ရပ်တန့်သင့်ပါသည်။ CNA/F CC အနေဖြင့် မိမိအဖွဲ့အစည်းကိုထောက်ခံအားပေးသော ဟားခါးခရိုင် အတွင်းမှာသာ အေးအေးဆေးဆေး နေထိုင်ကြပြီး ၎င်း ဒေသအတွင်းရှိ အာဏာရှင် စစ်ကောင်စီ ကိုသာတိုက်ကြပါရန်လိုအပ်ပါသည်။ သို့သော် CNA/F ဦးဆောင်သော CC အဖွဲ့သားများသည်။ ဇိုမျိုးဆက်ပူးပေါင်းနိုင်ရန် မကြိုးစားကြဘဲ ခွဲထွက်ရေးကိုသာ ရှေ့ဆက်လုပ်ဆောင်နေသောကြောင်း၊ ချင်းပြည်နယ် ပြိုကွဲရန်သာ လုပ်နေသည်ဟု သုံးသပ်တင်ပြအပ်ပါသည်။

    Hits: 0

    Byadmin

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    You missed