စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ PDF အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို ဇန်နဝါရီ ၁၂ ရက်မှာ လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဟာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်ဖွဲ့ဖြစ်ပြီး အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်းက တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဩဂုတ်မှာ ကချင်လွတ် မြောက်ရေးတပ် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေ စတင်ခဲ့တာတာဖြစ်ပြီး စစ်ကောင်စီတပ်က ဗုံးသီး ၅,၀၀၀ ကျော် လေယာဉ်နဲ့ ကြဲချတဲ့ကြားက ၂ လနီးပါးအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ အောက်တိုဘာမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးသေဆုံး၊ စစ်သုံ့ပန်း ၁၀၂ ဦးကို PDF ပူးပေါင်းတပ်တွေက ဖမ်းဆီးရမိခဲ့ပြီး လက်နက်ချသူ ၄၈ ဦးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ပွဲပြီးတဲ့နောက် စစ်ကောင်စီတပ်ဆီကနေ လက်နက် ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်ရခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed