အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် Pu Bil Cung အပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းနဲ့အတူ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က မနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိတဲ့ CNF/CNA ခေါင်ဆောင်ရဲ့ နာမည်နဲ့ ရာထူးတွေကို ဖော်ပြထားခြင်းမရှိဘဲ သူတို့တွေဆီက AK – 47 ရိုင်ဖယ် ၆ လက်၊ ကျည်အိမ် ၁၃ခု၊ ကျည်ဆန် တစ်သောင်းကျော် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
အဲဒီသတင်းနဲ့ပတ်သက်လို ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောခွင့်ရ ဆလိုင်းထက်နီကို ဖုန်းဆက်သွယ်မေးမြန်းထားပေမဲ့ လက်ခံဖြေကြားခဲ့ခြင်းမရှိပါ။ Pu Bil Cung ဟာ CNF ရဲ့ CEC အဖွဲ့ဝင်နဲ့ စီးပွားကူးသန်းတာဝန်ယူထားတယ်လို့လည်းသိရတယ်။ သတင်းဖော်ပြထားချက်အရ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသမှာ လှုပ်ရှားနေတဲ့ United People Democratic Font- UPDF အဖွဲ့ဆီ ရောင်းဝယ်ဖို့လို့ ဆိုပါတယ်။ ဖမ်းဆီးသူတွေကို West Phaileng ရဲစခန်းမှာ ထိန်းသိမ်းထားပြီး သူတို့တွေကို စုံစမ်းစစ်ဆေးပြီး ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Hits: 0