အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသရှိ PDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ မွမ်းမံသင်တန်းဆင်းရဲဘော်တွေကို လက်နက်တပ်ဆင်ပေးတဲ့အခမ်း အနားပြုလုပ်ခဲ့တယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ လက်နက်တပ်ဆင်တဲ့ အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်ကို အလေးပြုခြင်းနဲ့ သစ္စာအဓိဌာန် (၄) ချက် ရွတ်ဆိုပြီး အဓိဌာန်ပြုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလက်နက်တပ်ဆင်တဲ့ အခမ်းအနားကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒု-စစ်ဒေသခွဲမှူး-၂ ရဲဘော်ဂျူပီတာ တက်ရောက်ခဲ့ပြီး တနင်္သာရီတိုင်းအတွင်း စစ်ဆင်ရေး ရည်မှန်းချက်တွေနဲ့ နွေဦးတော်လှန်ရေး ၂ နှစ်ကျော် ကာလအတွင်း အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် စိတ်ဓာတ်မာကျောစွာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိကို ချီးမွမ်းဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် PDF သင်တန်းဆင်းရဲဘော်တွေကိုယ်စား တပ်ရင်းတာဝန်ရှိသူတွေက ကျေးဇူးတင်စကား ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed