စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့အောက်တိုဘာလ(၁၆)ရက်နေ့ကနေစပြီး ကလေး-ဂန့်ဂေါလမ်းမကြီး အသုံးပြုခွင့်ကို ကန့်သတ်ထားကြတာဖြစ်ပြီး ရက်ပေါင်း(၁၀)ရက်အကြာ အောက်တိုဘာလ(၂၆)ရက်နေ့ ညနေ ပိုင်းကစပြီး ကန့်သတ်ထားတာကိုပြန်လည်ဖြေလျော့ပေးပြီလို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ(၁၆)ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့နယ်တောင်ပိုင်းဖက်နဲ့ အနောက်တောင်ပိုင်းဖက်ကို စစ်ကြောင်းထိုးလာပြီးတဲ့နောက်ကလေး-ဂန့်ဂေါလမ်းကို ပိတ်ထားကြတာဖြစ်ပြီး ယခုအချိန်မှာတော့ အသုံးပြုလို့ရနေပြီလို့ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာကဒေသခံတစ်ယောက်က အလိုပြောပါတယ်။

“မနေ့နေ့လယ်လောက်ကစပြီးသွားလို့ရတာ၊ ဒါပေမယ့် စစ်ဆေးရေးတွေတော့တော်တော်လေးကြပ်တယ်၊ ပစ္စည်းတွေသယ်လို့တော့မရသေးဘူး၊ ဒီအတိုင်းသွားလာလို့ပဲရသေးတယ်”လို့ပြောပါတယ်။ လက်ရှိအချိန်အထိ ကလေးမြို့နယ်တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းကကျေးရွာတွေမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြားစစ်ရေးတင်းမာနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ(၇)ရက်နေ့ မှာတော့ စက္ကန့်ကျေးရွာကအိမ်ခြေပေါင်း ရာနဲ့ချီကိုမီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed