ကရင်ပြည်နယ် ၊ ကရင်အမျိုးသားအစည်းအရုံး ( KNU) တပ်မဟာ ၆ နယ်မြေတွင် ခမရ- ၄၃၂ နဲ့စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း စအရ- ၉၁၈ မှ တပ်သား ၆ ဦးနဲ့ ရဲတပ်ကြပ် ၁ ဦး KNU ထံ ဝင်ရောက်ခိုလှုံတယ်လို့သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ( KNU)ထံခိုလှုံလာသော စအရ- ၉၁၈မှ တပ်ကြပ် ဇေယျအောင် ၊ ခမရ -၄၃၂ မှ တပ်သား သန့်ဇင်ဖြိုး ၊ တပ်သား ကောင်းသီဟ ၊ တပ်သား ချစ်ပို ၊ တပ်သား စံဖြိုး ၊ တပ်သားဝဏ္ဏကျော် နဲ့ ရဲတပ်ကြပ် ထွန်းထွန်း တို့ဖြစ်ကြတယ်လို့သိရပါတယ်။

စအရ -၉၁၈ မှ တပ်ကြပ် ဇေယျအောင်က “ပြည်သူတွေကိုကာကွယ်ရမယ့်စစ်တပ်ကပြည်သူတွေကိုဒုက္ခပေးနေတာမလိုလားဘူး။ ကျွန်တော်တို့ဘာလို့အခုမှလုပ်သလဲဆိုတော့အွင့်အရေးမရခဲ့ဘူး။ ပြီးခဲ့တဲ့ လက ကွီလုံတိုင်ဘက်စစ်ကူသွားတဲ့အချိန်ကျမှအခွင့်အရေးရခဲ့တာပါ။ ညအိပ်တဲ့အချိန်မှာ ၆ ယောက်စလုံးထွက်ပြေးခဲ့တာ” လို့ ပြောပါတယ်။

စစ်တပ်ထဲမှာ ဖွဲ့စည်းပုံပျက်နေပြီးသေဆုံးဒဏ်ရာရသူများ၊ ထွက်ပြေးကြသူများလည်းများပြားနေတယ်KNU ဘက်ခိုလှုံလာသူစစ်သားများကပြောပါတယ်။ ပြည်သူ့ဘက်ရပ်တည်လာတဲ့စစ်သားများကိုပြည်သူ့ရင်ခွင်နဲ့ပြည်သူ့ပန်းတိုင်အဖွဲ့တို့ကထောက်ပံ့ကြေးပေးခြင်းနဲ့နေစရာစီစဥ်ပေးခြင်းများဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed