ကိုးကန့်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ယနေ့ ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပြသည်။ ၁၀၂၇ စစ်ဆင်ရေး ၂၀ ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၁၅ ရက်နေ့ စစ်ရေးအခြေအနေကို ၎င်းကပြောပြခြင်းဖြစ်သည်။ “ဒီနေ့ကတော့ စစ်ကောင်စီတပ်စခန်း ၃ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်။ နေရာကတော့ ကိုးကန့်ခရိုင်မြောက်ဘက်ပိုင်းမော်ထိုက်ဒေသပေါ့နော်။ အဲဒီအတွင်းမှာရှိတဲ့တပ်စခန်း ၃ခုပါ”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

အဆိုပါတပ်စခန်း ၃ခုအပါအဝင် MNDAAနှင့်ရက္ခိုင်တပ်တော်(AA) မဟာမိတ်တပ်များသိမ်းပိုက်ရရှိထားသည့် တပ်စခန်း ၁၄၇ ခုရှိပြီဖြစ်သည်။ ထို့ပြင် တအာင်းတပ်မတော်(TNLA)ကလည်း ယနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်စခန်း ၃၆ ခုထက်မနည်းကို သိမ်းပိုက်ရရှိခဲ့ရာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၁၈၃ ခုထိ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။

TNLAကလည်းယနေ့ တိုက်ပွဲသတင်း ဖော်ပြထားရာ ကျောက်မဲမြို့နယ် နောင်ပြစ်ရွာလမ်းခွဲတွင် TNLAနှင့် စစ်ကောင်စီတို့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အသိပေးထားသည်။ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် အကြိမ် ၃၀၊ တိုက်လေယာဉ်ဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့၍ ကျောက်မဲမြို့နယ်နောင်ပိန်ရွာရှိလူနေအိမ်နှင့်ဘုန်ကြီးကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed