October 3, 2023 || Tongsan Media Group ||

စစ်ကောင်စီ၏ လက်နက်အရောင်းအ၀ယ်ကိစ္စများတွင် ကူညီပေးနေသည့် လက်နက် ပွဲစား‌ဆိုသူ ကိုဉာဏ်လွင်အောင် ကို ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့ Urban Owls က ထုတ်ပြန်ထားသည်။ ကိုဉာဏ်လွင်အောင် နှင့် ၎င်း၏ သက်တော်စောင့်တို့ကို ယမန်နေ့ ည ၁၀ နာရီခန့်က လမ်းမတော်မြို့နယ်ရှိ ထမင်းကြော်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သူ(ကိုဉာဏ်လွင်အောင်)ကိုယ်တိုင် စစ်တပ်လုပ်ငန်းရှင်၊ စစ်တပ်မိသားစု ၀င်ဆိုပြီး ခံယူထားတဲ့အပြင် သူ့ရဲ့အကောင့်မှာလဲ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီ အလိုကျ အကြမ်းဖက်လို့ အမြဲသုံးစွဲတာ။ စစ်တပ်မှာရွတ်ရတဲ့ သစ္စာဓိဌာန် ကိုလည်း သူ့ရဲ့ကုမ္ပဏီ၀န်ထမ်းတွေကို နေ့တိုင်း ရွတ်ခိုင်းတယ်။ ကျွန်တော်တို့ ဒီမစ်ရှင်ကိုဖော် ဆောင်ဖို့အတွက် ကာလရှည်‌ စုံစမ်းထောက်လှမ်းအတည်ပြုပြီးမှ အကောင်အထည် ဖော်ခဲ့ တာဖြစ်တယ်” ဟု Urban Owls အဖွဲ့တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြော သည်။

ပစ်ခတ်ခံရသည့် ကိုဉာဏ်လွင်အောင်သည် စစ်ကောင်စီတပ်၏ ကာကွယ်ရေး ၀န်ကြီးဌာနနှင့်ပူးပေါင်းကာ ၎င်း၏အမည်ဖြင့် စစ်ကောင်စီအတွက် လက်နက်များ ၀ယ်ယူပေးသည့်အပြင် စစ်ကောင်စီ၏ ပြည်ထဲရေး၀န်ကြီး ဌာနနှင့်လည်း ပူးပေါင်း၍ Facial Recognition CCTV များကို တင်သွင်းတပ်ဆင်ပေးနေသူဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကိုဉာဏ်လွင်အောင်သည် စစ်ကောင်စီ၏ ငွေကြေးခဝါချမှုလုပ် ငန်းစဉ်များအတွက် ပြည်ပခရီးသွား ကုမ္ပဏီများကို တည်ထောင်ထားကာ ထိုင်း၊ တရုတ်၊ ရုရှား နှင့် UAE နိုင်ငံများတွင်လည်း ၎င်း၏ ကုမ္ပဏီများစွာဖွင့်လှစ်ထားသည်ကို စုံစမ်းသိရှိရကြောင်း Urban Owls အဖွဲ့က ဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ကိုဉာဏ်လွင်အောင်၏ သက်တော်စောင့်သည် အဆိုပါ နေရာတွင် သေဆုံးခဲ့ပြီး ကိုဉာဏ်လွင်အောင်မှာမူ နားထင်ကျည်ဖောက်၀င် ဒဏ်ရာရရှိပြီး စိုးရိမ်ရ အခြေအနေဖြင့် ဆေးရုံတွင်ကုသမှုခံယူလျက်ရှိကြောင်း သိရပြီး သေဆုံးခြင်း ရှိ / မရှိ ကိုမူ Tongsan သတင်းဌာန က စုံစမ်း အတည်ပြုလျက်ရှိသည်။

Posted: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed