October 1, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ပျံကျရွာအနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၂ ဦးသေဆုံး​ခဲ့သည်ဟု ဒီပဲယင်း ဂဠုန်တပ်တော်အဖွဲ့နှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၁ တို့၏ အတည်ပြုချက်အရ သိရှိရကြောင်း ရေဦးအခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ဒီပဲယင်းမြို့နယ်၊ ပျံကျရွာအနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် ကျေးရွာအနီးတစ်ဝိုက်ကို လာရောက် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အချိန်မီ တိမ်းရှောင် နိုင်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

“မနေ့က တိုက်ပွဲမှာ စစ်ခွေး ၁၂ ကောင် ကျတယ်ဆိုတာတော့ အတည်ပြုနိုင်​တယ်။ ကိုယ့်ဘက်က ရဲဘော် ၂ ဦးက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ ၂ ကောင်သေတယ်။ ၁၀ ကောင်က အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ရင်း သေဆုံးခဲ့တယ်။ တိုက်ပွဲဖြစ်ပွားပြီးတော့ စစ်ခွေးတွေက ရဟတ်ယာဥ်နဲ့ လာပစ်ပေမယ့် ရဲဘော်တွေ ထိခိုက်မှု လုံးဝမရှိခဲ့ပါဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade မှ ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းနယ်မြေခံ ပကဖ နှင့် ပူးပေါင်း ရဲဘော်များ ၊ ဂဠုန်တပ်တော် ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၁ BLACK ARMY ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၂ ၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed