ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မြောက်ဘက်တွင် တိုက်ပွဲဖြစ် ပြီး စစ်ကောင်စီတပ်သား အလောင်း ၅၀ ခန့်နှင့်အတူ လက်နက် ၅၀ ခန့်သိမ်းဆည်းရရှိခဲ့ကြောင်း အိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် နေ့က ဆီဆိုင်မြို့မြောက်ဘက် တနေရာ၌ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (PNLA)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားသည့်နေရာကို နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီအလောင်း ၅၀ခန့်ကျန်ရှိပြီး လက်နက် ၅၀ ခန့်ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်တိုသည် ပအိုဝ်းဒေသ ပအိုဝ်းကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများ လေယာဉ်များ အသုံးပြုပစ်ခတ်ကာ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိ၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (PNLA) လည်း မရှိဘဲ ဆီဆိုင်မြို့နယ်၊ လွယ်ထွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပအိုဝ်းလူမျိုုးတို့ အထွဋ်အမြတ်ထားရာဖြစ်သည့် လွယ်ထွဲဘုန်း တော် ကြီးကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် တောင်ကြီးမြို့နယ် ကျောက်တလုံးဒေသနှင့် ဟိုပုံးမြို့နယ်တို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ အမည်ကို အလွဲသုံး စား ပြုပြီး စစ်ကောင်စီအတွက် တပ်ဖွဲ့ဝင်သစ်များကို လိမ်လည်စုဆောင်းနေကြောင်း၊ အဆိုပါ ဒေသများတွင် PNLA အနေဖြင့် တပ်သားသစ်များ စုဆောင်းခြင်းမရှိကြောင်း PNLA သတင်းနှင့်ပြန် ကြား ရေးဌာနက အသိပေးထားသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ဆီဆိုင်မြို့နှင့်ပအိုဝ်းဒေသကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လျက်ရှိပြီး မိဘ ပြည် သူများအနေဖြင့် ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ခြင်း၊ နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းများပြန် သယ် ခြင်း များ မပြုလုပ်ကြသေးရန်နှင့် လုံခြုံဘေးကင်းသည့် နေရာများတွင် ခေတ္တခိုလှုနေထိုင်ကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed