November 8, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကလေး – တမူးလမ်းပိုင်း၊ မန်မော်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အင်အား ၁၇ ဦးခန့်ဖြင့် တပ်စွဲထားသော တမူးမြို့နယ်၊ မန်မော် ကျေးရွာရှိ ပျူစောထီးစခန်းကို တမူးမြို့ နယ် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ မှ ရဲဘော် များက ရုတ်တရက်ကားဖြင့် မောင်းနှင့ ဝင်ရောက်သွားပြီး တရစပ် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စခန်းရှိ ပျူ စောထီးများအားလုံး ထွက်ပြေးသွားကြောင်း ၊ အဆိုပါ ပျူစောထီးစခန်းသည် ကလေး – တမူး လမ်းမပေါ် ပန်းသာရွာနှင့် တမူးမြို့ အကြား၌ တည်ရှိပြီး ပန်းသာကျေးရွာနှင့် ကပ်လျက်တည်ရှိကာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေ ဆုံးမှု ရှိ၊ မရှိ စုံစမ်းမရကြောင်း သိရသည်။

“စခန်းပြန်ထိုင်တာမရှိဘူး၊ အဲဒီစခန်းမှာ ကျနော်တို့ အထိုင်ချနေတာ၊ ကျနော်တို့က ကားနဲ့ တည့်ဝင်ပြီး ပစ်တာ၊ ပြန်ပစ်နိုင်တာကို မရှိဘူး၊ ဝရုန်းသုန်းကားနဲ့ ထွက်ပြေးကြတာ၊ ဘာမှကို လုပ်ချိန်မရလိုက်ဘူး၊ ထိခိုက်သေဆုံးမှုရှိ၊ မရှိလဲ မသိဘူးဗျ၊ စစ်ကူတွေဘာတွေထပ်လာတာမျိုးလည်းမရှိပါဘူး” ဟု တမူးမြို့ နယ် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြော ကြားသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် တမူးမြို့နယ်၊ ခမ်းပတ်မြို့သိမ်း တိုက်ပွဲ အတွင်းမှ ထွက်ပြေးလာသော အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို နောက်မှ လိုက်လံရှင်းလင်းနေပြီး ထိတွေ့ တိုက်ပွားများလည်း ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed