August 12, 2023 || Tongsan Media Group ||

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းကို ချင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ရာမှာ အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၁၂ ရက် မနက်ပိုင်း ၁ နာရီမှ ၂ နာရီခွဲအထိ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ ခလရ (၂၆၈)တပ်ရင်းကို ချင်းအမျိုးသားတပ်မတော် (CNA/ CNF) ဦးဆောင်သည့် ချင်းမဟာမိတ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ဒီမနက် ၁ နာရီ ကနေ ၂နာရီခွဲ လောက်အထိ CNA/CNF က သွားပစ်တာပါ၊၊ ကျနော်တို့ကိုလည်း အကြောင်းတစ်စုံတစ်ရာ မကြားတော့ ကျနော်တို့ဘက်ကလည်း ဘာမှ မသိရသေးဘူး။ KKG တစ်ယောက်ကျသွား တယ်လို့ ကြားပါတယ်” ဟု CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်းက ပြော သည်။

ထို့နောက် မနက်ပိုင်းမှ နေ့လယ် ၁၂ နာရီအထိ စစ်ကောင်စီသည် ခလရ (၂၆၈) တပ်ရင်းထဲမှ ၁၂၀ မမ၊ ၈၀ မမ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ အများအပြား ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဆွန်တလာကျေးရွာ အတွင်း ကျရောက်ပြီး ကလေးငယ်တစ်ဦးအပါအဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဒဏ်ရာရရှိသူ (၃)ဦးတွင် ၁၀ နှစ်အရွယ်သမီးငယ်မှာ ဦးခေါင်းထိဒဏ်ရာ၊ ၁၈ နှစ်အရွယ်သားဖြစ်သူမှာ ကျောပြင်ထိ ခိုက်ဒဏ်ရာနှင့် အသက် ၄၀ အရွယ် မိခင်မှာ ခြေထောက်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သည်ဟု CNDF မှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။ မနက် ၁၁ နာရီခန့်ကလည်း ဖလမ်းမြို့နယ်၊ ဖလမ်း- ဟားခါးကားလမ်မပေါ်ရှိ ရမ်ထလိုကျေးရွာကို ဂျက်တိုက်လေ ယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦး မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့သည်ဟု သိရသည်။

ရမ်ထလိုကျေးရွာမှ ဘုရားကျောင်းအပါအဝင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။ ယနေ့ ဖလမ်းမြို့ပေါ်တွင် ဖြစ်ပွားသော တိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိနိုင်ရန် Tongsan Media Group အနေဖြင့် ဆက်သွယ်နေဆဲဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်ကလည်း ဗားရ်တံတားအနီးက စစ်ကောင်စီစခန်းအသိမ်းခံရပြီးနောက် ရမ်ထလိုရွာအပါအဝင် ဝေဘူလမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed