စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက် နံနက်တွင်သိမ်း ပိုက်နိုင်ခဲ့သည်။ စခန်းသိမ်းပြီး​နောက် စစ်ကောင်စီဘက်မှ အ​လောင်း ၉ ​လောင်း ​တွေ့ရပြီး ၊​တော်လှန်​ရေးတပ်ဖွဲ့များမှလည်း ရဲ​ဘော် သုံးဦး ကျဆုံးခဲ့သည်။ ​တော်လှန်​ရေး ပူး‌ ပေါင်းတပ်ဖွဲ့များဘက်မှ VAKOK-CNDF မှ ရဲဘော်တစ်ဦးနှင့် Ranger Kalay Defend Force -RKDF မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ခြင်းသည်။ ထိုစခန်းကိုကလေးခရိုင်တပ်ရင်း (၄)၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ RKDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့၊ မြောက်စည်းရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ရရှိခဲ့သော လက်နက်မျိုးစုံ အလက် ၂၀ ခန့် ခဲယမ်းများ နှင့် ဗုံးများ၊ ကျည်များ စစ်သုံးပစ္စည်းများ ရဲနှင့်စစ်ကောင်စီ တပ်ဖွဲ့ ယူနီဖောင်းအချို့ သိမ်းပိုက်ရရှိ​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ယ‌နေ့ (နိုဝင်ဘာလ ၉ရက်) ထုတ် ပြန်သည်။ မြောက်စည်းရဲစခန်းအပြင် နိုဝင်ဘာ ၃ ရက်က က​လေး-တမူး အာရှအ​ဝေး​ပြေးလမ်း​ပေါ်မှ ရာဇဂြိုဟ်ရွာအနီးမှ အကျဉ်းစခန်း (၁)၊ (၂) တို့ကိုလည်း ​တော်လှန်​ရေးအဖွဲ့များကတိုက်လိုက်သိမ်းပိုက်ခဲ့သည်။ ထိုအပြင် ထို​နေ့မှာပင် ကလေးမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)၊ အမှတ် (၂၂၈) ခြေလျင်တပ်ရင်း၊ အမှတ် (၆၄၄)စစ်လက်နက်ပစ္စည်းတပ်စုတို့ကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့ပြစီမံချက် UG Drone အဖွဲ့တို့က ဒရုန်း ၅ စီးဖြင့် တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့​သေးသည်။

အလားတူ က​လေး-တမူးလမ်း​ပေါ်ရှိ ခမ်းပါတ်မြို့ရှိ စစ်​ကောင်စီတပ် တပ်စွဲရာ​နေရာများနှင့် ဝိတုတ်ရွာရှိ စစ်​ကောင်စီစခန်းတို့ကိုလည်းနိုဝင်ဘာ ၃ ရက်နံနက်မှ အပြင်းအထန်တိုက်ခိုက်ပြီး ​PDF များနှင့် ​တော်လှန်​ရေးတပ်ဖွဲ့များက ခမ်းပါတ်မြို့ကို​ရော ၊ ဝိတုတ်စခန်းကိုပါသိမ်းပိုက်ခဲ့သည်။ လတ်တလောတွင် ကလေးမြို့နယ်အပြင် ဒေသတွင်း ဆက် စပ်နေသော တမူးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed