မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရ်မြို့၊ Cheras Maluri ရပ်ကွက်မှာ နိုဝင်ဘာ ၆ ရက်နေ့ ည ၁၁ ဝန်းကျင်မှာ ချင်းတိုင်းရင်းသား CDM ရဲတပ်သား တစ်ဦး တိုက်ခန်းအောက်တွင် သေဆုံးလျက်တွေ့ရှိကြောင်း သတင်းရရှိပါတယ်။ သေဆုံးသွားတဲ့ CDM ရဲတပ်သားမှာ Pa Damasus Vum Lam Tuang (၂၃နှစ်) ဖြစ်ပြီး ချင်းပြည်နယ် တီးတိန်မြို့ ဇာတိဖြစ်ပါတယ်။

Pa Damasus Vum Lam Tuang ဟာ ၂၀၂၀၊ အောက်တိုဘာ ၁ ရက်မှာ မဲရုံဝန်ထမ်းကနေ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ပြီး ၂၀၂၁ အောက်တိုဘာ ၂၇ ရက်နေ့မှာ CDM ပြုလုပ်လာခဲ့တယ်လို့ ၎င်းရဲ့ ဦးလေးက Zalen ကို ဆိုပါတယ်။ “သူက ရဲ CDM ပါ၊ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ တာဝန်ကျခဲ့တာပါ၊ CDM လုပ်ပြီး ၂၀၂၂ ဩဂုတ်လ ၂၇ ရက်နေ့မှာ မလေးရှားကို ရောက်လာပါတယ်။ လင်မယားချင်း ပဋိပက္ခတွေဖြစ်ပြီး အခုလို ရုတ်တရက်ကြီး သေသွားတယ်”လို့ ဆိုပါတယ်။

Pa Damasus Vum Lam Tuang မသေဆုံးမီ ၎င်းဇနီးနဲ့ အိမ်ထောင်ရေး ပြဿနာရှိပြီး ပြီးခဲ့တဲ့ ရက်အနီးက ဇနီးသည်နဲ့ ကွာရှင်းထားသူလည်း ဖြစ်ပါတယ်။ Pa Damasus Vum Lam Tuang ရဲ့ အလောင်းကို အသင်းတော်မှ ဦးဆောင်ပြီး မလေးရှားမှာဘဲ ခရစ်ယာန်ထုံးတမ်းအစဥ်လာဖြင့် သဂြိုလ်မယ်လို့ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed