မြောက်ဦးမြို့ကို AA က သိမ်းပိုက်ပြီးနောက် စစ်တပ် ခမရ ၃၇၇ နှှု့် ခမရ ၃၇၈ တို့မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း တောင်ပုံ ယာပုံ ဓာတ်ပုံများကို ထုတ်ပြန်လိုက်သည်။ ရက္ခိုင်ပြည်၊ မြောက်ဦးတွင် စစ်ကောင်စီ၏လက်ကျန်တစ်ခုတည်း စခန်းဖြစ်သော “ရဲတပ်ရင်း အမှတ် ၃၁ ” ကို ရက္ခိုင့်တပ်‌တော် AA က ဖေဖော် ဝါရီလ ၈ ရက်နေ့တွင် အပြီးသတ်ထိုးစစ်ဆင်တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ မြောက်ဦးမြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားကြောင်း၊ မြောက်ဦးမြို့နယ်တစ်ခုလုံးကို AA ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဂွ၊ သံတွဲနှင့် မာန်အောင် ၃ မြို့နယ်သာ စစ်ကောင်စီ၏ အပြည့်အဝထိန်းချုပ်မှုအောက်တွင် ကျန်ရှိပြီး ကျန်ဒေသများမှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းထားသော၊ ဆက်လက် ထိုးစစ်ဆင်နေသော ဒေသများ ဖြစ်လာသည်။ AA သည် ရခိုင်ပြည်နယ်မှ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။ လက်ရှိတွင် ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး၊ စစ်တွေ၊ မြေပုံ၊ အမ်း၊ တောင်ကုတ်တို့တွင် နှစ်ဖက်တပ်များ စစ်ပြင်လျက်ရှိသည်။

မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ၃၇၈ နှင့် ၅၄၀ တပ်ရင်းတို့ကို AA က တိုက်ခိုက် ခဲ့ပြီးနောက် ခမရ ၅၄၀ တပ်ရင်းတစ်ခုလုံးကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင်လည်းကောင်း၊ မြောက်ဦးမြို့ရှိ စကခ ၉ လက်အောက်ခံ “ခမရ ၃၇၈ တပ်ရင်း” တစ်ခုလုံးကိုလည်း ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် လည်းကောင်း၊ ခမရ ၃၇၇ တပ်ရင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်းကောင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ AA သည် ရခိုင်ပြည်နယ်မှ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed