October 15, 2023 || Tongsan Media Group ||

လက်ဘနွန်နိုင်ငံမှာ အခြေစိုက်တဲ့ အီရန်ထောက်ခံပေးထားတဲ့ ဟစ်ဇ်ဘိုလာ တပ်တွေက လက်နက်ကြီးတွေနဲ့ မကြာခနပစ်ခတ်နေတဲ့အတွက် တုန့်ပြန်တိုက်ခိုက် ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အောက်တို ဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လက်ဘနွန်နိုင်ငံထဲကနေ ဒုံးကျည် ၉ စင်းနဲ့ ပစ်ခတ်ခဲ့သလို နယ်စပ်ကင်းစခန်းကိုလည်း ဟစ်ဇ်ဘိုလာတွေက တင့်ကားဖျက်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ ဟစ်ဇ်ဘိုလာတွေပစ်ခတ်မှုကြောင့် အစ္စရေး တစ်ဦးသေဆုံးခဲ့ရတယ်လို့လည်းဆိုပါတယ်။ အစ္စရေးဘက်ကို ပစ်ခတ်ခဲ့တဲ့ လက်ဘနွန် နိုင်ငံထဲက ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ လက်တုန့်ပြန်ပစ် ခတ်ခဲ့ကြောင်းလည်း အစ္စရေး ကာကွယ် ရေးဝန်ကြီးဌာနက ပြောပါတယ်။

လက်ဘနွန်နယ်စပ်တလျှောက်ကို စစ်ဖြစ်ဇုံအဖြစ်သတ်မှတ်ထားပြီး နယ်စပ်နဲ့ ၂ မိုင်ခွဲအကွာအတွင်းကို ဘယ်သူမှ သွားလာခြင်းမလုပ်ဖို့လည်း အစ္စရေး ကာကွယ် ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ အီရန်ထောက်ခံအားပေးထားတဲ့ ဟစ်ဇ်ဘိုလာတွေအနေနဲ့ ဟားမတ်စ်နဲ့ အစ္စရေး ဖြစ်နေတဲ့စစ်ပွဲကို အခွင့်ကောင်းယူပြီး စစ်မျက်နှာအသစ်မဖွင့်ဖို့ အမေရိကန်က သတိပေးထားပေမဲ့ လက်ဘနွန်နယ်စပ်အခြေအနေဟာ စိုးရိမ်စရာကောင်းအောင် တင်းမာနေလာနေ တယ်လို့ အစ္စရေးသတင်းတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ လက်ဘနွန်နိုင်ငံကိုသွားရောက်ပြီး ဟစ်ဇ်ဘိုလာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာကို ပိတ်ဆို့ထားတာတွေ ပြန်ဖွင့်ပေးဖို့နဲ့ အစ္စရေးက ဆက်ဗုံးကြဲနေမယ်ဆိုရင် စစ်မျက်နှာအသစ်တွေနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။ အဆိုပါသတိပေးချက်အပြီးမှာ အမေရိကန်ကလည်း လေယာဥ်တင် စစ်သင်္ဘော USS Dwight D. Eisenhower ဦးဆောင်တဲ့ ဒုတိယမြောက် တိုက်ခိုက်ရေးရေယာဥ်အုပ်စုကို မြေထဲပင်လယ် အရှေ့ပိုင်းကို ထပ်မံစေလွှတ်ကြောင်း သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed