October 14, 2023 || Tongsan Media Group ||

ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဗန်းမော်လမ်း ၊ ထိုးစစ်ဆင်နေသည့် စစ်တပ်စစ် ကြောင်းအတွက် လေကြောင်းဖြင့် ချထားပေးသည့် ရိက္ခာနှင့် လက်နက်ခဲယမ်းများကို KIA တပ်ဘက်က သိမ်းဆည်းရရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီကျော်အချိန် ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်း၊ နမ်ဆန်ယန်၊ အောင်ဂျာ၊ မဒီးယန်ရှေ့တန်း စစ် မြေပြင်တွင် ထိုးစစ်ဆင်ရင်း ပိတ်မိနေသည့် စစ်တပ်စစ်ကြောင်းများအတွက် လေယာဉ်ပေါ်မှတစ်ဆင့် ချပေးသည့် ရိက္ခာများချထားပေးကြောင်း၊ အဆိုပါ ရိက္ခာနှင့် လက်နက်ခဲယမ်းများကို KIA တပ်များက သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ယင်းနောက် ရိက္ခာနှင့် လက်နက်ခဲယမ်းများကို KIA ကသိမ်းဆည်းပြီးနောက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိတွင် မိုးမောက်မြို့နှင့် ဝိုင်းမော်မြို့နယ်အစပ် လိုင်လွမ်အောင်ဂျာ စခန်းအနီး၊ နမ့်ဆန်ယန် တို့ဘက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်လက်လွတ်ခဲ့ပြီးနောက် ယင်းစခန်းနေရာကို စစ်ကောင်စီတပ်က အားဖြည့်တိုက်ခိုက်နေခြင်း ဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed