ကလေးမြို့အနောက်မြောက်ပိုင်းရှိ သာယာကုန်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့မှာ ထပ်မံမီးရှို့နေတယ်လို့သိရပါတယ်။ ယနေ့ မေလ ၁၇ ရက် မွန်းလွဲ ၁၂နာရီဝန်းကျင်ခန့်ကစပြီး စစ်ကောင်စီတပ်ဟာ နေအိမ်များကို စတင်မီးရှို့နေပြီး လက်နက်ကြီးများလည်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
“မနက် ၁၀နာရီလောက်မှာ စခန်းကြီးဘက်ကနေ လက်ပံချောင်းရွာထဲကို လက်နက်ကြီး ၃ချက်ပစ်တယ်။ ၁၂နာရီဝန်းကျင်မှာ သာယာကုန်းရွာကို မီးစရှို့တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ယမန်နေ့ညမှစပြီး သာယာကုန်းရွာရှိ နေအိမ်များကို စတင်မီးရှို့ခဲ့တာဖြစ်ပြီး ဒရုန်းဖြင့်ဗုံးကြဲမှုကြောင့် သာယာကုန်းရွာရှိ Zion Baptist Church ဘုရားရှိခိုးကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
![](https://tongsan.org/wp-content/uploads/2024/05/d972942e-4487-44cc-a1d5-4ff0809f21c4-1-1024x513.jpg)
![](https://tongsan.org/wp-content/uploads/2024/05/ce96c339-a7e2-44f7-822f-eee1a0f2290a-1-1024x461.jpg)
![](https://tongsan.org/wp-content/uploads/2024/05/c43a94d8-fc91-4da6-99c5-5f5170991caf-1-1024x461.jpg)
![](https://tongsan.org/wp-content/uploads/2024/05/441499183_7581722455197787_8136074729627614671_n-1.jpg)
Hits: 0