အီတလီ အခြေစိုက် အမိန့်ပေး ထိန်းချုပ်ရေးသင်္ဘော USS Mount Whitney (LCC 20) ကို မြေထဲပင်လယ် အရှေ့ပိုင်းကို အောက်တိုဘာ ၁၈ ရက်ကစပြီး စေလွှတ်ထားကြောင်း အမေရိကန် အမှတ် ၆ ရေတပ်မဟာဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြေထဲပင်လယ်မှာ ရောက်ရှိနေတဲ့ အမေရိကန်တပ်မဟာ ၇ က တိုက်ခိုက်ရေးရေယာဥ်အုပ်စုတွေကို ကူညီပံ့ပိုးပေးဖို့လို့ ဆိုပါတယ်။

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ဟာ လေယာဥ်တင်သင်္ဘော USS Gerald R. Ford နဲ့ USS Dwight D. Eisenhower ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဥ်အုပ်စု နှစ်စုကို စေလွှတ်ထားပြီးဖြစ်သလို မြေထဲပင်လယ်ဒေသ နိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ စစ်စခန်းတွေမှာလည်း တိုက်လေယာဥ်တွေကို တိုးမြှင့်ချထားနေတာဖြစ်ပါတယ်။

ဥရောပနဲ့ အာဖရိက က အမေရိကန် အမျိုးသားလုံခြုံရေးအတွက် တာဝန်ယူထားတဲ့ USS Mount Whitney အမိန့်ပေး ထိန်းချုပ်ရေးသင်္ဘောကိုပါ မြေထဲပင်လယ် အရှေ့ပိုင်းကို ထပ်မံ စေလွှတ်တာကို ထောက်ရင် လက်ရှိဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲဟာ ဒေသတွင်းမှာ ကျယ်ပြန့်လာနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံတကာသတင်းတချို့က သုံးသပ်နေပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed