October 14, 2023 11 Tongsan Media Group ||

အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို အကြမ်းဖက် တိုက်ခိုက်ရာမှာ အဓိက ဦးဆောင်သွားတဲ့ ဟားမတ်စ် ကွန်မန်ဒိုတပ်ရဲ့ တပ်မှူး အလီခါဒီ ကို အောက်တိုဘာ ၁၄ ရက်မှာ လေကြောင်းကနေ ဗုံးကြဲ သတ်ဖြတ်လိုက်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက် ခေါင်းဆောင် အလီ ခါဒီနဲ့ နောက်လိုက်တချို့ ပုန်းအောင်းနေတဲ့ အဆောက်အဦကို အစ္စရေး ထောက်လှမ်းရေးအဖွဲ့တွေက စုံစမ်းရှာဖွေတွေ့ရှိပြီး အစ္စရေးလေတပ်က အဆိုပါ အဆောက်အဦကို ဗုံးကြဲတိုက်ခိုက်တာလို့ ဆိုပါတယ်။

အလီ ခါဒီကို ၂၀၀၅ ခုနှစ်မှာ အစ္စရေး ထောက်လှမ်းရေးက ပြန်ပေးဆွဲ သတ်ဖြတ်မှုတွေနဲ့ ဖမ်းဆီးထောင်ချခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အစ္စရေး-ပါလက်စတိုင်း အကျဥ်းသား လဲလှယ်ရေး သဘောတူညီချက်အရ ပြန်လွှတ်ပေးခဲ့တဲ့ ပါလက်စတိုင်း တစ်ထောင်ကျော်ထဲမှာ ပါဝင်ခဲ့သူဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၇ ရက်က လေကြောင်း ဂလိုက်ဒါတွေ အသုံးပြုပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ် ဂလိုက်ဒါတပ်မှူး အဘူ မာရက်ဒ်ကိုလည်း အောက်တိုဘာ ၁၃ ရက် ညက လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နိုင်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed