တမူးခရိုင်အတွင်းရှိ ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

မြန်မာ−အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်းရှိ ခါမ်းပါတ်မြို့ကို ၄ ရက်တာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ယနေ့ (နိုဝင်ဘာ ၇ ရက်) တွင် သိမ်းပိုက်လိုက်ပြီဟု ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်း စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသည့် အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက…

လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့ သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်အဆင့်မြို့ဖြစ်သော ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များက လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ယနေ့ (နိုဝင်ဘာ ၆) နံနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်လိုက်သည်ဟု သိရသည်။ တောတောင်များ ဝန်းရံနေပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်ရှိ ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ နိုဝင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်းကတည်းက အင်အားအများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင်…

နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း ပုန်းခိုနေ​​သောစစ်​ကောင်စီတပ်နှင့်ပြည်သူ့စစ်ကို တိုက်ခိုက်ပြီးလက်နက်ခဲယမ်းများစွာရရှိ​ကြောင်း TNLA ထုတ်ပြန်

နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း ပုန်းခိုနေသည့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ကို ယနေ့ နံနက် အစောပိုင်းတွင် အပြီးသတ် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ အဆိုပါ စခန်းကို ယမန်နေ့(နိုဝင်ဘာလ ၆ရက်)ညမှ စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက် ၅ နာရီ ၄၅မိနစ်တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAက ထုတ်ပြန်ထားသည်။ လက်နက်မျိုးစုံ…

မယ်စဲ့မြို့နယ် ပန်တိန်းရွာရှိ စစ်ကောင်စီစခန်းသုံးခုကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်

ကရင်နီ(ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာရှိ စစ်ကောင်စီစခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ယနေ့ (နိုဝင်ဘာ ၇ ရက်) နံနက်ပိုင်းကစ၍ ပန်တိန်းကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသော ဆေးရုံ နှင့် ကျောင်း နေရာများကို ကရင်နီတပ်ပေါင်းစုက ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဟု ဆိုသည်။ "စခန်းကုန်းကြီးတော့ ကျန်သေးတယ်။ ကျန်တာတွေကိုတော့ ဒီနေ့သိမ်းနိုင်တာဖြစ်တယ်။…

စစ်ကောင်စီ၏ ပြည်သူ့စစ်အဖွဲ့လိုက် အလင်းဝင်လာဟု MNDAA အသိပေး

စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့၏ ပြည်သူ့စစ်အဖွဲ့ဝင်များ လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ကိုးကန့်တပ်မတော် (MNDAA)က ယနေ့ သတင်းထုတ်ပြန်ထားသည်။ ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၅ဦး လက်နက် ၁၆လက်နှင့်အတူ အလင်းဝင်လာကြောင်း အသိပေးထားသည့် သတင်းထုတ်ပြန်ချက်ကို MNDAAက ယနေ့တွင် တရုတ်ဘာသာဖြင့် ဖော်ပြခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက "ဒါကတော့ အော်ပရေးရှင်းဖော်ဆောင်လာတဲ့ ၅ရက်အတွင်းမှာ စစ်ကောင်စီဘက်က…

ခလရ(၁၄၃)တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် ၃ဖွဲ့ဆီ လက်နက်ချအလင်းဝင်

ကွမ်းလုံမြို့နယ်ရဲ့တောင်ပိုင်းရှိ ကံမိုင်းဒေသ မှာ အခြေချတပ်ထိုင်တဲ့(ရမခ) လက်အောက်ခံတပ်ရင်း ခလရ (၁၄၃)က လူဦးရေ ၄၁ဦးဟာ ညီ‌နောင်မဟာမိတ် ၃ဖွဲ့ဆီကို လက်နက်ချပြီး အလင်းဝင်လာခဲ့တယ်လို့ ကိုးကန့်အဖွဲ့က ထုတ်ပြန်ပါတယ်။လက်နက်ချလာတဲ့သူ ၄၁ဦးအနက် ဒု-တပ်ရင်းမှူး ၁ဦး နဲ့ တပ်ခွဲမှူး ၂ဦးပါဝင်ခဲ့ပြီး လက်နက်တွေကိုပါအပ်နှံသွားခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာလ ၂၈ရက်နေ့ ညပိုင်းမှာ ညီနောင်မဟာမိတ် ၃ဖွဲ့ က အဲဒီတပ်ရင်းကို လက်နက်ချအလင်းဝင်ရန်…

ချင်းတောင်တန်းက တောင်ဇလပ်ပန်းပွင့်များ စာအုပ်သစ်ထုတ်ဝေ

ဒေါက်တာစီ၊ ထန်ဇာတွင်း ရေးသားပြုစုတဲ့ “ချင်းတောင်တန်းက တောင်ဇလပ်ပန်းပွင့်များ (Rhododendron Flowers From Chin Hills) ဂုဏ်ပြုအပ်သော ချင်းရှေ့ဆောင်ပုဂ္ဂုလ်များနှင့်သိမှတ်ဖွယ်ရာများ” စာအုပ်သစ်မိတ်ဆက်ပွဲကို အောက်တိုဘာ ၃၀ ရက်တွင် အင်းစိန်မြို့၊ ဗေသလ နှစ်ခြင်းအသင်းတော်မှာ ပြုလုပ်ကြပါတယ်။ယင်းစာအုပ်တွင် သမိုင်းဝင်မှတ်တမ်းတင်အပ်တဲ့ ချင်းလူမျိုး (၈၅) ဦးရဲ့ သမိုင်းအကျဉ်းချုပ်ကိုရေးသား ပြုစုထားပါတယ်။ စာရေးသူ ဒေါက်တာစီ၊ ထန်ဇာတွင်းက “ကမ္ဘာပေါ်တွင်…

ဗိုလ်မှူးနဲ့ ဗိုလ်ကြီး အပါအဝင် စစ်အုပ်စု ခုနှစ်ယောက်ကို MDY-PDF က လက်ရဖမ်းဆီ:

“၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ “တောင်သမန် စစ်ဆင်ရေး” ဆင်နွှဲနေတဲ့ ငါးရက်အတွင်း ဗိုလ်မှုးအဆင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် တစ်ယောက်နဲ့ ဗိုလ်ကြီးအဆင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ယောက် အပါအဝင် စစ်အုပ်စု လက်နက်ကိုင် ခုနှစ်ယောက် ဖမ်းမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) – MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။ တောင်သမန် စစ်ဆင်ရေးအဖြစ် စစ်အုပ်စုကို အရှိန်မြင့်…

ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’အတွင်း စစ်ကောင်စီတပ်စခန်း ၇၀ကျော်သိမ်းပိုက်နိုင်ပြီး ချင်းရွှေဟော်မြို့ နှင့် ဖောင်းဆိုင်မြို့တို့ ၌ စစ်ကောင်စီတပ်လုံး၀မရှိတော့

ကိုးကန့်တပ်မတော် (MNDAA) အပါအဝင် ညီနောင်မဟာမိတ်တပ်များပူးပေါင်းဆင်နွှဲနေသည့် '၁၀၂၇ စစ်ဆင်ရေး'ကာလအတွင်း စစ်ကောင်စီတပ်စခန်း ၇၀ ကျော် သိမ်းပိုက်ထားနိုင်ပြီးဖြစ်ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောကြားသည်။ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ရက်ကစတင်ခဲ့ရာ အောက်တိုဘာ ၃၀ရက်ညပိုင်းအထိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်မှု အခြေအနေနှင့် မြို့ကိုစီးနင်းထိန်းချုပ်ထားနိုင်သည့် အခြေအနေများကို မေးမြန်းရာ MNDAAက ညီနောင်သုံးဖွဲ့ ပေါင်းသိမ်းပိုက်သည့် စခန်း စုစုပေါင်း…

ချင်းရွှေဟော်ရှိ စစ်တပ်ဗျူဟာကုန်း၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့မှ ပြည်သူများက ပြောဆိုသည်။ “မြို့ထဲမှာတော့ ကိုးကန့် တပ်တွေ တပ်စွဲထားတယ်။ မနက်ပိုင်းအစောပိုင်းက ပစ်ခတ်မှုတချို့ရှိပေမယ့် အခုတော့ ပစ်ခတ်မှု မရှိတော့ဘူး။ မြို့ထဲက ပြည်သူတချို့ ၀ ပြည်နယ်ဘက်ကို…