အကြမ်းဖက်စစ်တပ် ဒေါက်တိုင် အာဏာရှင်ဟောင်း‌ အေးနေဝင်းနှင့်စီးပွားဘက်လည်းဖြစ်၊ လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းပေးနေသူလည်းဖြစ်သူ လုပ်ငန်းရှင် အောင်ကျော်မြင့်သည် ရှမ်းပြည်နယ် မြောက်ပိုင်း ချင်းရွှေဟော်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ အောက်တိုဘာလ ၂၇ ရက်၊ ၂၈ ရက်ဝန်းကျင် မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်များက ချင်းရွှေဟော်မြို့ကို စီးနင်းနေစဉ် လုပ်ငန်းရှင် အောင်ကျော်မြင့်သည် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များနှင့်အတူ ရှိနေစဉ် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ နဖူးတည့်တည့် ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်ကျော်မြင့်သည် အာဏာရှင်ဟောင်းနေဝင်း၏ မြေးများ ပိုင်ဆိုင်သော Omini Focus Company ၏ ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းပေးနေသူ ဖြစ်ကြောင်း၊ အောင်ကျော်မြင့်သည် စစ်တပ် အာဏာသိမ်းမှုကို ထောက်ခံရုံ သာမက ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ဝင်များကို အရှင်မထားဘဲ သတ်ပစ်ရန် လူမှုကွန်ရက်မှ တစ်ဆင့် လှုံ့ ဆော်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed