July 23, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှပျူစောထီး စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူစောထီး ၉ ဦးသေဆုံးပြီး သေနတ် ၃ လက်အပါအဝင် ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရပါတယ်။ ဒီကနေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၃ နာရီဝန်းကျင်တွင် အင်အား ၂၅ ဦး ဝန်းကျင်ဖြင့် တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာ မြင့်ခဲ့တာပါ။

တိုက်ပွဲမှာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၉ ဦးသေဆုံးကာ ကာဘိုင် ၂ လက်၊ ကိုးလုံး ၁ လက်၊ ကိုးလုံးကျည် ၂၅ တောင့်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကျည်ဘောက် ၁ ခုနှင့် ချပ်ဝတ်တန်ဆာ ၇ ခုတို့ သိမ်းဆည်းရရှိမိခဲ့တာပါ။ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ပကဖ(PDO) (Shwebo Justice Force အဖွဲ့၊ ရွှေတော သား အဖွဲ့၊ ကျားပျံအဖွဲ့)၊ ရွှေဘိုမြို့နယ်တိုက်နယ် ၃ ပကဖအဖွဲ့နှင့် ဒီပဲယင်းမြို့နယ်ပကဖ (ဂဠုန်မင်း အဖွဲ့၊ စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတထောင်တ‌ကောင်ဘွားအဖွဲ့)တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

Source: People’s Spring

Translated: Tongsan Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *