June 26, 2023 || Tongsan Media Group ||

ကယား (ကရင်နီ) ပြည်နယ် အရှေ့ဘက် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်များက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကရင်နီစစ်ဖက်သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ကရင်နီစစ်ဖက်သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က မယ်စဲ့တွင် ကရင်နီပူးပေါင်းတပ်များကို ခုခံတိုက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရှိတော့ကြောင်း ဧရာဝတီကို ပြောသည်။ လက်ရှိတွင် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့တို့မှ စစ်ကောင်စီတပ်ရင်း ၅ ရင်းထက်မနည်းသည် မယ်စဲ့မြို့ကို ပြန်သိမ်းရန် စစ်ကြောင်းချီလာသဖြင့် ဖားဆောင်းမြို့နယ်တွင် ကရင်နီပူးပေါင်းတပ်များနှင့်တွေ့ကာ တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း ခူညေးရယ်ကပြောသည်။

၎င်းက “တပ်ရင်းထိုင်တာက ခမရ ၄၃၀ ပေါ့။ ကျနော်တို့ ခန့်မှန်းတာတော့ အင်အား ၇၀ ၊ ၈၀ ပေါ့။ ဆိုတော့ အဲဒီတပ်တွေက ကုန်ပြီ။ အခုကတော့ အပြင်ကလာတဲ့ တပ်တွေပဲရှိတယ်ပေါ့။ အရင်ဒေါတမကြီး ၊ ဒီးမော့ဆို အရှေ့ခြမ်း ၊ ဒေါညေးခူ တို့၊ ကန်ခုနဆင့်တို့က တပ်ရင်းတွေက အောက်ဆင်းလာပြီ” ဟု ဆိုသည်။ ကရင်နီပူးပေါင်းတပ်များသည် အင်အား ၄၀၀ ခန့်ရှိ စစ်ကောင်စီ၏ စစ်ကြောင်းများ သံလွင်မြစ်ကို မကျော်ဖြတ်နိုင်ရန် ဖားဆောင်းမြို့နယ်တွင် ပိတ်ဆို့ကာ တိုက်ခိုက်နေရကြောင်း ကရင်နီစစ်ဖက်သတင်းထုတ်ပြန်ရေးအဖွဲ့ ထံမှသိရသည်။

ဇွန်လ ၁၃ ရက်မှ လက်ရှိအချိန်အထိဖြစ်သော တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်များဘက်က ၄ ဦးသေဆုံးခဲ့သည်| မယ်စဲ့မြို့ အရှေ့မြောက်ဘက် ထိုင်း-မြန်မာ နယ်ခြားမှတ်တိုင် အမှတ် (၁၃) တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသည် ဇွန်လ ၂၄ ရက်က လက်နက်ချလာသဖြင့် မယ်စဲ့တွင် တိုက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှင်းသွားခြင်း ဖြစ်ကြောင်း ခူညေးရယ်က ပြောသည်။ ၎င်းက “မနေ့ကတော့ သူတို့ လက်နက်ချတာရှိတယ်။ နောက်ဆုံးကျန်တဲ့ BP 13 ကုန်းက စကစ တပ်တွေပေါ့။ သူတို့က ၃ ယောက် ပျောက်နေသေးတယ်ပြောတယ်။ လက်နက်အပြည့်အစုံနဲ့ပဲ လက်နက်ချလာတာပေါ့” ဟု ပြောသည်။

ဇွန်လ ၁၃ ရက်မှ လက်ရှိအချိန်အထိဖြစ်သော တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်များဘက်က ၄ ဦးသေဆုံးပြီး စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို အတိအကျ မသိရသေးကြောင်း ကရင်နီစစ်ဖက်သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။ ခူးညေးရယ်က “၂၃ ရက်နေ့ ဗျူဟာကုန်းကို တက်သိမ်းတုန်းကတော့ ကျနော်တို့ဘက်က ၄ ယောက်လောက် ကျပါတယ်။ KA ၂ ယောက် ၊ KNDF ၁ ယောက် ၊ ကလလတက ၁ ယောက်ပေါ့။ စစ်ကောင်စီဘက်က ထိခိုက်မှုတော့ မသိရသေးဘူး။ လက်နက်တွေလည်း သိမ်းမိတာတော့ရှိတယ်။ လက်နက်တွေကလည်း အဖွဲ့တွေ ခွဲယူကြတော့ အတိအကျတော့ မသိရသေးဘူး” ဟု ဆိုသည်။

စစ်ရေးလေ့လာသူတဦးကမူ ကရင်နီပူးပေါင်းတပ်များသည် သံလွင်မြစ်အရှေ့ခြမ်း နယ်စပ်တလျှောက်နှင့် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြေစိုက်စခန်း ၅ ခုထက်မနည်းကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဆိုသည်။ ၎င်းက “တိုက်ပွဲတွေက BP 12 ကနေ 16 အထိဖြစ်တဲ့ တိုက်ပွဲလို့ ပြောရမယ်။ အခုကတော့ တိုက်ပွဲထဲမှာ ကရင်နီပူးပေါင်းတပ်တွေက စခန်း ၅ ခုကို ထိန်းချုပ်လိုက်ပြီပေါ့။ ၁၂၀ မမ ၄ လက်လောက် သိမ်းမိတာတွေ့ရတယ်။ ဒီပွဲမှာ အလှည့်အပြောင်းဖြစ်သွားတာက ကလလတ တပ်တွေရဲ့ နယ်ခြားစောင့်တပ် ၂ ရင်းဖြစ်တဲ့ ၁၀၀၄ နဲ့ ၁၀၀၅ တို့က ကလလတအမည်နဲ့ ရပ်တည်ပြီး KNDF တို့ KNPP တို့နဲ့အတူ ပြန်တိုက်တဲ့အတွက် တိုက်ပွဲက ပိုပြီးမြန်ဆန်သွားတာပေါ့” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မယ်စဲ့မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင် ချီတက်လာနေသော်လည်း သံလွင်မြစ်ကို မကျော်ဖြတ်နိုင်သေး- ဆက်လက်၍ ၎င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မယ်စဲ့မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင် ချီတက်လာနေသော်လည်း သံလွင်မြစ်ကို မကျော်ဖြတ်နိုင်သေးကြောင်း ပြောသည်။ ၎င်းက “သူတို့လာနိုင်တဲ့ အနီးဆုံးလမ်းကတော့ ဖားဆောင်းလမ်းပေါ့။ သံလွင်ကို ကူးပြီးလာလို့ရတယ်။ ဒါပေမယ့် အဲဒီဘက်မှာ ကရင်နီတပ်တွေက ပိတ်ဆို့ထားတယ်။

ဟိုတနေ့ကလည်း လေယာဉ်နဲ့ ဗုံးမှားကြဲထားတော့ နည်းနည်း အထိနာနေပုံရတယ်။ သတင်းအရတော့ စကခ ၂ က တပ်ရင်း ၅ ရင်းလောက် ဖြည့်ပြီးထိုးဖို့လုပ်နေပေမယ့် ပွဲဦးထွက်မှာ ထိုးမယ့် စစ်ကြောင်းနာသွားတာတွေ့ရတယ်။ ဒုတိယလမ်းက ဘော်လခဲအရှေ့ဘက် ရွာသစ်ကူးတို့ကနေ သံလွင်မြစ်ကိုကူးပြီးလာတယ်။ အဲဒီလမ်းကရှည်တယ်။ တတိယလမ်းကတော့ လေကြောင်းကနေ ဟတ်စကီးနဲ့ချမှပဲ ရမယ်။

ဒါကလည်း အကန့်အသတ်ရှိမယ် ထင်တယ်” ဟုဆိုသည်။ ကရင်နီပူးပေါင်းတပ်များအနေနှင့် စစ်ကောင်စီ၏ ထိုးစစ်ကို လန်ကျသွားသည်အထိ တိုက်နိုင်ပါက မယ် စဲ့မြို့နယ်သည် ကရင်နီပူးပေါင်းတပ်များအတွက် လွတ်မြောက်နယ်မြေ ဖြစ်လာမည့် အလားအလာများကြောင်း ၎င်းက သုံးသပ်သည်။ ၎င်းက“မယ်စဲ့သာ လွတ်မြောက်ဒေသဖြစ်သွားရင် ကရင်နီအတွက် အခြေခံကောင်းတခုရတာပေါ့။ နောက်တန်းအခြေခံ ဖြစ်သွားမယ်။ လေ့ကျင့်ဖို့ ၊ ရုံးလုပ်ငန်း ၊ အုပ်ချုပ်ရေးကိစ္စတွေလုပ်ဖို့ အခြေခံရသွားမယ်။

တော်လှန်ရေးအတွက်လည်း အားကျရတဲ့အခြေအနေ ၊ တော်လှန်ရေးတခုလုံးကို လှုံ့ဆော်တဲ့ စိတ်ဓာတ်ရေးရာ မြှင့်ပေးနိုင်မှာ သေချာတယ်။ တခြားအဖွဲ့တွေလည်း အဲဒီလို အခြေခံဒေသတွေရဖို့ အားထုတ်လာကြလိမ့်မယ် ထင်တယ်” ဟုဆိုသည်။ တဖက်တွင်လည်း စစ်ကောင်စီတပ်သည် မယ်စဲ့မြို့နယ်ကို လွတ်မြောက်နယ်မြေအဖြစ် မခံနိုင်သဖြင့် အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်ရန် ကြိုးစားနေကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။

မယ်စဲ့မြို့နယ်တွင် ၁၃ ရက်ကြာဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိသတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ဘေးရှောင်များသည် ထိုင်းနိုင်ငံ မယ်ဆရီယန်းမြို့နယ်တွင် ၃၀၀၀ ခန့်ရှိပြီး မြန်မာဘက်အခြမ်းတွင် ၁၀၀၀ ကျော်ရှိနေကြောင်း၊ စစ်ရှောင်များထဲ၌ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများပင် ပါဝင်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ သတင်းရင်းမြစ်များက ဆိုသည်။

English Version:

Mae Se has been controlled by Karenni forces

Allied Karenni resistance forces have seized junta outposts in Maese Township, eastern Kayah (Karenni) State, where fighting continues as junta troops attempt to retake them. Combined Karenni resistance forces took control of Maese town after 18 junta soldiers manning the outpost at Thai-Myanmar border milepost No. 13 surrendered on Saturday, said Khu Nye Reh, spokesman of the Karenni military central information committee.

The junta responded by sending at least five columns of troops from Loikaw and Demoso to Maese, but allied Karenni resistance forces are intercepting them in Hpasawng Township, said Khu Nye Reh. “There are no junta soldiers in Maese town now, but columns from other areas are heading to Maese,” he told The Irrawaddy. Around 400 junta soldiers are attempting to cross the Salween River, he said.

Fighting broke out in Maese after allied resistance forces including the Karenni Army (KA) and Karenni Nationalities Defense Force (KNDF) carried out simultaneous attacks on junta outposts near the Thai border and on the Maese police station on June 13. Casualty figures among junta forces are unknown. “We suffered four fatalities when we seized a hilltop outpost on June 23. We still don’t know about junta casualties. We seized their weapons, which we have shared among our groups,” Khu Nye Reh said.

A military analyst calculates that resistance forces have taken control of at least five junta outposts in Maese and along the Salween River. “I noticed that allied resistance forces have seized around four 120 mm mortars. The turning point of the fighting came when Border Guard Force units 1004 and 1005 turned on the Myanmar military,” he said. The Karenni National People’s Liberation Front (KNPLF), which serves as the Kayah State Border Guard Force (BGF) under the Myanmar military, has rebelled and joined resistance forces attacking junta outposts. Junta troops have not been able to cross Salween River, he said.

“The shortest route to Maese is through Hpasawng. They can get there by crossing the Salween River, but Karenni resistance forces are blocking them there. Junta troops accidentally carried out an airstrike on their own troops [there recently]. The second route is through Bawlakhe, but it is long. They could also choose to airlift their troops by helicopter, but this option comes with limitations,” the analyst continued.

“If Maese is liberated, it will be a good foundation for Karenni State. It will serve as a base for [Karenni resistance forces] to train and carry out administrative work. It will also be a psychological boost for the revolution. Other groups will try to do likewise,” he said. The fighting has displaced over 4,000 locals, 3,000 of whom are sheltering on the Thai side of the border while the rest are in forests on the Myanmar side. Sources at the border say that officials of junta local administrative bodies are among the displaced residents.

Posted by: Tongsan Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *