July 4, 2023 || Tongsan Media Group ||

Zomi Version:

Myanma Alin te’n Russia leh China Lai tawh Hawm khia ta:

Ukna buluh (SAC) te neihsa Myanma Alin (The New Light of Myanmar) newspaper pen Russia leh Sen (China) lai namnih tawh tukha June 26, 2023 ni akipan hawmkhia ta uh cih Than Lwin Khet News te tungtawn in kiza hi. Hih bangin a hihna a hang pen a thahat gam nihte ukna buluh (SAC)te’n a mai etna uh hi ci in, thu encikte in gen uh hi. Rakhine politician minthang khat ahi U Phe Than in a genna ah, “Hih tawh kisai bel Naingnganzii meet dawh nopna tawh asem / a suahkhia uh ahi hi. Sen leh Russia palai zum (Embassy) te ah puak ding a bawl uh zong hi kha ding hi. Veto power zangh in a gumzo ding gam nihte a mai biakna uh hi ding hi. Kilamdanna bang mah omzo tuan ken teh,” ci-in gen hi.

Russia leh Sen gam nih pen abeisa hun akipan tuni ciang dong SAC te a hu / a gum den gamte ahih banah leitung ah a kilimzat diak pau namnga lakah zong akihel kampaute ahih manin, hih bangin Russia lai leh Sen (China) lai tawh a hawmkhia uh hi kha ding hi, ci in naingnganzi thukan U Ye Htun in zong gen hi. 2023, June 26 ni akipan Myanma Alin newspaper pen Russia lai leh Sen (China) lai tawh hawmkhiat kipan uh cih kiza hi.

Burmese version:

မြန်မာ့အလင်း သတင်းစာကို ရုရှား၊ တရုတ်နှစ်ဘာသာဖြင့် ပူးတွဲထုတ်လုပ်လာ

ယမင်းဖူးပွင့်အောင် ဇူလိုင် ၃၊ ၂၀၂၃။ စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာကို ရုရှားဘာသာ၊ တရုတ်ဘာသာနှစ်မျိုးနှင့်ပါပူးတွဲထုတ်လုပ်လာသည်။ ယင်းလုပ်ဆောင်ချက်သည် အင်အားကြီး နှစ်နိုင်ငံကို စစ်ကောင်စီက မျက်နှာလုပ်ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ မျက်နှာလုပ်တဲ့ပုံစံမျိုးနဲ့ထုတ်တာပေါ့။ သံရုံးတွေကို ပေးပို့ဖို့လုပ်တာ လည်းဖြစ်နိုင်တယ်။ ဘာမှ ထိရောက်မှုတော့မရှိပါဘူး။ အခြားနိုင်ငံတွေလည်း ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမယ့် သူ့ကို ဗီဒိုအာဏာသုံးပြီး ကာကွယ်ပေးနိုင်တဲ့ အင်အားကြီးနှစ်နိုင်ငံကို မျက်နှာလုပ်တယ် လို့ထင်ပါတယ်” ဟု သံလွင်ခက်ကို ပြောသည်။

မြန်မာနိုင်ငံတွင်ရှိသည့် တိုင်းရင်းသား လူထု လူတန်းစားတစ်ရပ်လုံး နားလည်လွယ်သော ဘာသာစကားမျိုးဖြင့်သာ သတင်းစာများကို ထုတ်လုပ်သင့်သည်ဟု၎င်းက ဆက်ပြောသည်။ စစ်အုပ်ချုပ်ရေးကာလတွင် နိုင်ငံပိုင် မီဒီယာအများစုသည် စစ်တပ်အသုံးချခံ သက်သက်သာဖြစ်သည်ဟု ဦးဖေသန်းက ပြောသည်။ ၎င်းက “အစိုးရမီဒီယာတွေကတော့ အစိုးရရဲ့ ရပ်တည်ချက်တွေကို အဓိက ဖော်ပြတဲ့သတင်းစာတွေအဖြစ် ရပ်တည်ခဲ့ကြပါတယ်။ ပြည်သူတွေကို ဝါဒမှိုင်းတိုက်ဖို့ သတင်းစာတွေကို ခေတ်အဆက်ဆက် သုံးလာခဲ့သလို အခုဆိုရင် ပိုပြီးတော့ သုံးမှာပေါ့။ ဒီလို အာဏာရှင်နိုင်ငံမျိုးက အစိုးရကို ကာကွယ်ဖို့အတွက် သတင်းအမှောင်ချတဲ့ လုပ်ငန်းတွေ၊ သတင်းအမှားတွေက အရင်ကလည်း ရှိတယ်။ အခုလည်းရှိတယ်” ဟုပြောသည်။

ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံသည် စစ်ကောင်စီဘက်က အားပေးထောက်ခံသည့်နိုင်ငံများဖြစ်သလို ကမ္ဘာသုံး ဘာသာစကားကြီးငါးမျိုးထဲတွင် ပါဝင်နေခြင်းကြောင့် ထုတ်လုပ်လာရခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက ပြောသည်။ “ရုရှားနဲ့ တရုတ်တို့က ရင်းနှီးချစ်ကြည်တဲ့မိတ်ဆွေနိုင်ငံတွေဖြစ်တော့ အဲဒီ့က ပြည်သူလူထုကိုလည်း သိစေချင်တဲ့သဘောတွေ ပါပါတယ်။ နောင်မှာ ဘယ်အစိုးရပဲတက်တက်၊ ကိုယ့်နိုင်ငံက ကိုယ်ပြောချင်တဲ့ဟာတွေကို တစ်ကမ္ဘာလုံးက သိအောင် တခြားဘာသာစကားတွေနဲ့ ရေးနိုင် ထုတ်နိုင်တာ ကောင်းတာပေါ့။ များသောအားဖြင့် အစိုးရထုတ်တဲ့ သတင်းစာတွေက သူတို့လုပ်တာကောင်းကြောင်းပဲ ပြောမှာပေါ့” ဟု ၎င်းကပြောသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ရက်နေ့မှ စတင်ကာ မြန်မာ့အလင်းသတင်းစာကို ရုရှားဘာသာ၊ တရုတ်ဘာသာနှစ်မျိုးဖြင့် စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

English Version:

Myanmar Light Newspaper, Russia Co-produced in two Chinese languages:

July 3 2023. Burmese light newspaper issued by the Military Council in Russian, Co-produced with two Chinese languages. Analysts consider that this action is a face-off by the military council of the two powerful countries. U Pe Than, a veteran Rakhine politician, said, “It was made in a face-to-face manner for political purposes. It is possible to send it to embassies. Nothing is effective. There will probably be other countries too. But I think he is facing two powerful countries that can protect him by using cabinet power,” said Than Lwin Khet News.

He added that newspapers should be produced in languages that are easy to understand by the entire ethnic population in Myanmar. U Fe Than said that during the military rule, most of the state-owned media were simply used by the military. He said, “Government media have stood as the main newspapers expressing the government’s position. Newspapers have been used for ages to indoctrinate the people, and now we will use them even more. In order to protect the government of this kind of dictatorial country, black news activities, There have been misinformation before. There is now,” he said.

U Ye Tun, a political analyst, said that the production may be due to the fact that Russia and China are supported by the Military Council and are among the five major languages used in the world. “Russia and China are close friends and we want the public to know that. Whichever government in the future, It is good to be able to write in other languages so that the world knows what your country wants to say. “Usually government-run newspapers will only say that they are doing well,” he said. Starting from June 26, 2023, Myanma Light newspaper will be published in Russian. It began to be distributed in two Chinese languages.

Source: Than Lwin Khet News

Translated: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *