July 3, 2023 || Tongsan Media Group ||
Zomi Version
Ukna buluhpa’ bawl Suang milim pasian bawlna ah Mihaupi te’n huhna MMK. 16. 117 billion Piakhia:
Ukna buluh (SAC) makaipipa Min Aung Hlaing in Nyipytaw ah Kawl biakna milim pasian khat bawl a, abeisa June 29, 2023 ni-in tua mun ah va hawh thei bek tham loin, Kawlgam sung a mihaupi (ခရိုနီ) pawlkhat te’n huhna MMK 16 billion val piakkhiatna nei uh hi. Tua suang milim pasian pen leitung ah pilna lam asang pen cih min tawh abawl khiat hi-in, SAC te’n mihaute huhna piasak nuam in Naypitaw ah asap ngiat ci hi. Tua ni khat thu bek in mihau 101 te in a piakkhiat uh 16.117 billion kingah cih thu Kawlgam kumpi neihsa Media te ah SAC in tangkho khia hi. Tua laiah a paite lakah Htoo Company nei pa, U Tay Zah le KBZ Company nei pa U Aung Ko Win te cih loh Kawlgam mihau minthang khempeuh kihel uh hi.
Piakkhiatna a tam pente ahih leh CB Bank Chairman U Khin Maung Aye in Teng tul 20 val, Wai Ma Company nei U Kyi in Teng tul 20, Eden Company pan U Wa Nah Khine in Teng tul 15 piakhia uh a, amau teng mah atam pen pawl ahi hi. Wai Ma Company nei U Kyi pen Kanza bupipa Law Sit Han tawh Asia World Company nei khawm ngei uh a, tulaitak in High Way lampi nasep, Min to / khuaphelet mei piakna cihte sem hi. U Wanah Khine a kicipa pen Eden Company le MAB bank anei Eden U Chit Khine ii tapa ahi hi. NLD party tawh a kipawlthei U Chit Khine pen a beisa kumpi hunsunga suangmeihol khuk tawhna tawh kisai in SAC in manin thong a khum laitak ahi hi.
Kawlgam pan Telenor company a ciah khiat khit zawh Tele-communication nasep a lento Shwe Byue Phyu Company nei pa U Thein Win Zaw, Asia World Company nei U Thun Myint, USDP lutangpite lak pan U Aung Taung tate ahi tulaitak Tui lam galkap bu Moe Aung le anaupa UAB nei pan U Nay Aung te’n Teng 5000 ciat pia uh a, piakkhiatna atam nihna ah kihel uh hi.
Tua banah Teng 1000 leh 5000 kikal a piakhiate ahih leh AYA bank neipa U Zaw Zaw, Ayeya Hintha Bank nei pa U Zaw Win Shine, Shwe Taung Company neipa U Aung Zaw Naing, Namgimtui nasepna tawh ahau Dr. Win Myint, Yu Za Nah Company nei pa U Htee Myint, Dagon International Company nei pa U Win Aung, Hotel nasep tawh a hau U Yan Win, Shwe Tan Lwin company neipa U Kyaw Win te kihel uh hi.
Piakkhiatna ah KBZ a kihel lian loh hangin, ama khutnuai a company khat ahi Brighter Energy company pan U Aung Zan in Teng 2000 Min Aung Hlaing tungah piakhia hi. Galkap tawh a kipawlna hangin Brighter Energy Company pen America in kizopna / sum bawlna khaktansak (Sanction) uh a, KBZ in Brighter Energy company pan abeisa 2022 kumin kikhen ta ung cih thusuahna nei uh hi.
SAC in tuni a kihawm newspaper ah piakkhiatna sum a pia nasep 40 te minte suaksak uh a, a kisuaksak nailote zingciang hong kisuaksak ding hi cih gen uh hi. Kawlgam bup phial ah khua hal a, mithat ngekngek ukna sut pa (Min Aung Hlaing) in “biakna pasian a bawl pen angtan huai mahmah hi” cih thu tua pawi ah genkhia hi.
Ton 8158 a gik Milim suangpeekpi pen galkap makaipi lui U Than Shwe in a piakkhiat hi a, abeisa 2018 kum in Mandalay pan Naypitaw ah 9 vei sitset hamsapi takin a puak uh ci hi. Ukna a lak khitciang Galkap bupipa hihna panmun pen ciangtan om loin, a thuneihna a khantoto kum 66 a pha Min Aung Hlaing pen khut lam-en siamte tawh gam a makaih khat ahi hi.
Burmese Version:
စစ်ခေါင်းဆောင်တည်သည့် ဘုရားကို ခရိုနီများ စုပေါင်း၍ ငွေကျပ် ၁၆ ဘီလျံကျော်လှူဒါန်:
ယမန်နေ့ (ဇွန် ၂၉) တွင် နေပြည်တော်၌ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်နေသည့် ဘုရားကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခဲ့ကြသည့် ထိတ်ထိတ်ကြဲ ခရိုနီသူဌေးကြီးများက ငွေကျပ် ၁၆ ဘီလျံကျော်အထိ လှူဒါန်းခဲ့ကြသည်။ ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံးဟု ကြွေးကြော်ထားသည့် ကျောက်ဆစ်ရုပ်ပွားတော် တည်ဆောက်ပြီးစီးမှုနှင့် ပတ်သက်၍ စစ်ကောင်စီက ရာဂဏန်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို နေပြည်တော်သို့ ဖိတ်ခေါ် ပြသခဲ့ခြင်းဖြစ်သည်။
ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပါရှိသည့် စစ်ကောင်စီထုတ်ပြန်ချက်အရ ယမန်နေ့ တစ်ရက်တည်း၌ပင် ထိပ်သီးလုပ်ငန်းရှင် ၁၀၁ ဦး၏ စုစုပေါင်းလှူဒါန်းမှုပမာဏမှာ ကျပ်ငွေ ၁၆ ဒသမ ၁၇၇ ဘီလျံ ရှိသည်။ အာဏာသိမ်းခေါင်းဆောင် တည်သည့် ဘုရားအတွက် အလှူငွေပေးအပ်ပွဲ တက်ရောက်လာသူများတွင် ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇနှင့် ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်းတို့မှလွဲ၍ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် ထိတ်ထိတ်ကြဲလုပ်ငန်းရှင်အားလုံးနီးပါး ပါဝင်သည်ကို တွေ့ရှိရသည်။
ထိပ်ဆုံးအလှူရှင်သုံးဦးအနေဖြင့် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျပ်သိန်းပေါင်း နှစ်သောင်းကျော်၊ ဝေမာကုမ္ပဏီပိုင်ရှင် ဦးကျေးက ကျပ်သိန်းနှစ်သောင်း၊ ဧဒင်ကုမ္ပဏီအုပ်စုမှ ဦးဝဏ္ဏခိုင်က ကျပ်သိန်းတစ်သောင်းငါးထောင် လှူဒါန်းသည်။ ဝေမာကုမ္ပဏီပိုင်ရှင် ဦးကျေးဆိုသူမှာ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်နှင့်အတူ Asia World ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ကာ လက်ရှိတွင် အဝေးပြေးလမ်းတည်ဆောက်ရေး၊ သတ္တုတူးဖော်ရေးမှသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအထိ လုပ်ငန်းမျိုးစုံ လုပ်ကိုင်နေသူဖြစ်သည်။ ဦးဝဏ္ဏခိုင်ဆိုသူမှာ ဧဒင်ကုမ္ပဏီအုပ်စုနှင့် MAB ဘဏ်ပိုင်ရှင် ဧဒင်ဦးချစ်ခိုင်၏ သားတစ်ဦးဖြစ်သည်။ NLD ပါတီနှင့် ရင်းနှီးကျွမ်းဝင်သည့် ဦးချစ်ခိုင်မှာ ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သော ကျောက်မီးသွေးတွင်းစီမံကိန်းနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဖမ်းဆီးအရေးယူခြင်း ခံထားရသည်။
မြန်မာနိုင်ငံမှ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ Telenor ထွက်ခွာသွားပြီးနောက် ထိုဆက်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်၊ Asia World ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်တို့ အပါအဝင် ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ဟောင်း ဦးအောင်သောင်း၏ သားသမီးများဖြစ်ကြသော လက်ရှိရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ညီဖြစ်သူ UAB ပိုင်ရှင် ဦးနေအောင်နှင့် ညီမများက ကျပ်သိန်း ၅၀၀၀ ကျော်စီဖြင့် ဒုတိယအများဆုံး အလှူငွေထည့်သူများ ဖြစ်သည်။
ကျပ်သိန်း ၁၀၀၀ မှ ၅၀၀၀ အထိ အလှူငွေထည့်သည့် အခြားလုပ်ငန်းရှင်များတွင် AYA ဘဏ်ပိုင်ရှင် ဦးဇော်ဇော်၊ ဧရာဟင်္သာလုပ်ငန်းစုနှင့် A Bank ပိုင်ရှင် ဦးဇော်ဝင်းရှိန်၊ ရွှေတောင်ကုမ္ပဏီမှ ဦးအောင်ဇော်နိုင်၊ စက်သုံးဆီလုပ်ငန်းရှင် ဒေါက်တာဝင်းမြင့်၊ ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်၊ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီပိုင်ရှင် ဦးဝင်းအောင်၊ ဟိုတယ်လုပ်ငန်းရှင် ဦးရန်ဝင်း၊ ရွှေသံလွင်ကုမ္ပဏီမှ ဦးကျော်ဝင်းတို့ ပါဝင်ကြသည်။
အလှူငွေထည့်ဝင်မှုတွင် KBZ မပါဝင်သော်လည်း ယင်း၏ လက်ခွဲကုမ္ပဏီဖြစ်ခဲ့သည့် Brighter Energy ကုမ္ပဏီမှ ဦးအောင်ဇံဆိုသူကမူ ကျပ်သိန်း ၂၀၀၀ မင်းအောင်လှိုင်ကို လှူခဲ့သည်။ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်မှုကြောင့် Brighter Energy ကို အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့ထားပြီး၊ KBZ ကုမ္ပဏီကမူ Brighter Energy မှ ၂၀၂၂ တွင် “စွန့်ခွာပြီး” ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ယနေ့ထုတ်သတင်းစာ၌ အလှူငွေထည့်သည့် လုပ်ငန်းရှင် ၄၀ ၏ အမည်ကို ဖော်ပြထားပြီး ကျန်သူများကို နောက်ရက်တွင် ဆက်လက်ဖော်ပြမည်ဟု ဆိုသည်။ စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအနှံ့တွင် မြေလှန် မီးရှို့နေသည့် ဘုရားဒကာဘွဲ့ခံ အာဏာသိမ်းခေါင်းဆောင်က ဉာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆင်းတုဘုရားကြီး တည်ဆောက်နိုင်ခြင်းမှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်ဟု ယမန်နေ့အခမ်းအနား၌ ထည့်သွင်းပြောဆိုခဲ့သည်။
တန်ချိန် ၈၁၅၈ ရှိ စကျင်ကျောက်တုံးကြီးကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက လှူဒါန်းခဲ့ခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး မန္တလေးတိုင်းမှ နေပြည်တော်အရောက် ကိုးကြိမ်တိုင်တိုင် ခက်ခက်ခဲခဲ သယ်ယူခဲ့သည်ဟု ဆိုသည်။ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို အကန့်အသတ်မရှိ သက်တမ်းတိုးခဲ့သူ အသက် ၆၆ နှစ်အရွယ် မင်းအောင်လှိုင်သည် ဗေဒင်နှင့် ယတြာအစီအမံများကို မလွတ်တမ်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သူဖြစ်သည်။
English Version:
Cronies donate more than 16 billion kyats to the temple built by the military leader:
Yesterday (June 29) in Nay Pyi Taw, the shocked crony tycoons who personally visited the pagoda where the coup leader General Min Aung Hlaing stands, donated more than 16 billion kyats. The military council invited hundreds of businessmen to Nay Pyi Taw regarding the completion of the Kyauksik statue, which is proclaimed to be the highest intelligence in the world.
According to the statement of the Military Council published in today’s state-owned newspapers, the total amount of donations by 101 top entrepreneurs in one day yesterday was 16.177 billion kyats. Among those who attended the donation ceremony for the temple where the coup leader was built, it was found that almost all of Myanmar’s richest businessmen were included, except for Htoo Company Group owner U Tayza and Kamboza Group owner U Aung Ko Win.
As the top three donors, CB Bank Chairman U Khin Maung Aye donated more than twenty thousand kyat; The owner of the Weimar company, U Rue, paid twenty hundred thousand kyats. U Wunna Khaing from Eden Company Group donated fifteen thousand kyats. The owner of the Weimar company, U Rung, is the co-founder of the Asia World company with former poppy king Lau Sihan, and is currently involved in highway construction, He is involved in a variety of industries, from mining to power plants. U Wunna Khaing is a son of Edin U Chit Khaing, the owner of Eden Company Group and MAB Bank. U Chit Khaing, who is familiar with the NLD party, has been arrested and prosecuted by the Military Council regarding the coal mine project carried out by the previous government.
U Thein Win Zaw, the owner of the Shwe Byai Phyu Group, who was allowed to operate the telecommunications business after the departure of the Norwegian telecommunications company Telenor from Myanmar. U Tun Myint Naing, the owner of Asia World Company, and the children of U Aung Thaung, the former top leader of the Fitness Party, and the current head of the navy, General Moe Aung; His younger brother, UAB owner U Ne Aung, and his sister are the second largest contributors with over 5,000 kyat each.
Other businessmen who contributed between 1,000 and 5,000 Kyats are U Zaw Zaw, owner of AYA Bank. U Zaw Win Shin, owner of Era Hin thar Group and A Bank; U Aung Zaw Naing from Shwe Taung Company; Fuel entrepreneur Dr. Win Myint, U Htay Myint, owner of Yuzana Company; U Win Aung, owner of Dagon International Company; Hotel entrepreneur U Yan Win, U Kyaw Win from Shwe Tanlwin Company participated.
KBZ was not included in the donation, but U Aung Zan of Brighter Energy, a subsidiary of KBZ, donated 2,000 kyats to Min Aung Hlaing. Brighter Energy has been embargoed by the United States due to its involvement in military-owned businesses. KBZ Company has announced that it will “leave” Brighter Energy in 2022.
The Military Council has mentioned the names of 40 businessmen who made donations in today’s newspaper, and said that the rest will be revealed the next day. In yesterday’s ceremony, the leader of the power coup, who has been burning land all over the country, including Sagaing, said that it was a matter of pride for him to be able to build a marble statue of the highest intelligence.
The 8,158-ton marble block was donated by the former military dictator U Than Shwe, and it was mined in 2018 and transported from Mandalay Division to Nay Pyi Taw nine times with difficulty. The 66-year-old Min Aung Hlaing, who was extended the position of Chief of Army Staff indefinitely within days of the coup, is the one who implemented the Vedin and Yatra measures.
Source; Myanmar Now
Translated: Tongsan Media Admin Team
Hits: 0