June 18, 2023 || Tongsan Media Group Inc. ||

ဒီကနေ့ ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အလွတ်သဘောဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဖိတ်ကြားဖို့ စီစဉ်ထားတဲ့အတွက် စိတ်ပျက်မိပြီး ကန့်ကွက်တယ်လို့လည်း NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က တုံ့ပြန်လာပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ယုတ္တိမတန်တဲ့ အဆင်သင့်မဖြစ်သေးတဲ့ အခုအစည်းအဝေးကို ဖျက်သိမ်းဖို့နဲ့ ဆွေးနွေးပွဲကို တက်ဖို့ ဖိတ်ကြားခံရတဲ့ နိုင်ငံတွေအနေနဲ့လည်း အဲဒီအစည်းအဝေးကို မတက်ရောက်ဖို့ NUG က တောင်းဆိုပါတယ်။ မြန်မာနိုင်ငံထဲက ဆိုးရွားနေပြီးသား အကြောင်းအရာတွေကို အခုထက်ပိုပြီး ဆိုးအောင်မလုပ်ဖို့၊ စစ်အုပ်စုရဲ့ လူထုအပေါ် အကြမ်းဖက်မှုနဲ့ စစ်ပွဲဆင်နေတာကို ဆက်လုပ်နိုင်မယ့် အားပေးအားမြောက် ထောက်ခံတာတွေပါ မပြုလုပ်ဖို့ ထည့်သွင်းတောင်းဆိုထားပါတယ်။

အခုအစည်းအဝေးဟာ အာဆီယံမူတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ လက်မခံနိုင်စရာလုပ်ရပ်လို့ မြန်မာလူထုက ရှုမြင်ကြောင်းလည်း ဖော်ပြပါတယ်။ မြန်မာနိုင်ငံရေး ပြဿနာရပ်တွေကို အဖြေရှာနိုင်မှာ မဟုတ်တဲ့အပြင် ပြဿနာတွေကို ပိုပြီး ခက်ခဲ ရှုပ်ထွေးစေနိုင်သလို ပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်အုပ်စုကို အသိအမှတ်ထောက်ခံရာ ရောက်ကာ မိမိအိမ်နီးချင်းပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးပြဿနာကို မြန်မာတိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအားလုံးရဲ့ ပါဝင်မှုနဲ့သာ အဖြေရှာနိုင်မယ်လို့လည်း NUGက ထည့်ပြောပါတယ်။

ဒါအပြင် ထိုင်းအစိုးရအနေနဲ့ လူထုရဲ့ ဆန္ဒကို အလေးထားပြီး မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရှိဖို့အတွက် ကြိုးပမ်းနေတဲ့ NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး နယ်စပ်ဒေသလုံခြုံတည်ငြိမ်ရေး၊ နှစ်နိုင်ငံပြည်သူတွေ အေးချမ်းသာယာရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားပေးဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံနဲ့ မြန်မာကြား ခေါင်းဆောင်အဆင့် ပြန်ဆက်ဆံဖို့လိုတယ်ဆိုတဲ့ ဆွေးနွေးချက်ကို ထောက်ပြပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အလွတ်သဘောဆွေးနွေးပွဲကို ကမကထ လုပ်လာတာဖြစ်ပြီး ဘီဘီစီကနဦး သိရှိထားချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ တက်ဖို့ရှိနေပါတယ်။

English Version:

NUG Opposes Thai-sponsored Myanmar Talks

The NUG government also said that they are disappointed and opposed to the plan to invite the Ministry of Foreign Affairs of the military coup détat to the informal talks on Myanmar issues to be held in Thailand today on June 18th and 19th. The Ministry of Foreign Affairs responded.

As the Thai foreign minister, NUG requests that the meeting be canceled and that the countries that were invited to attend the meeting should not attend the meeting. In order not to make the already bad things in Myanmar even worse. We also request that the military group not encourage and support the war and violence against the people.

This meeting is a flagrant violation of ASEAN principles and the Burmese public views it as an unacceptable act of interference in Myanmar’s internal affairs. He said that he would not be able to find a solution to Myanmar’s problems and would make the problems more difficult and complicated. Therefore, an organization that can represent the wishes and attitudes of the entire Burmese ethnic people on the political problem of Myanmar. The NUG also added that a solution can only be found with the participation of all individuals.

In addition to this, the Thai government emphasizes the will of the public and strives to return Myanmar to the path of democracy, NUG, Interacting with all stakeholders, including ethnic resistance organizations, to ensure the security and stability of the border region. He urged the people of both countries to cooperate for peace and development of bilateral relations.

The Ministry of Foreign Affairs of Thailand has sponsored an informal meeting, pointing out the need to re-engage at the leadership level between ASEAN and Myanmar. Laos Cambodia and Vietnam are going to attend.

Source: BBC News

Translated and Posted: Tongsan Media Admin Team

Hits: 19

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *