အမေရိကန်ရှိ ဇိုမီးလူများစုစည်းထားတဲ့ အဖွဲ့အစည်းကြီးတခုဖြစ်တဲ့ Zomi Innkuan USA Inc., (ZIUSA) [Zomi Community USA] က ZRA-EC နှင့် လက်တွဲနေတဲ့ Zomi Political Coordination Committee (ZPCC) နှင့် ဆက်သွယ်ခြင်း ပတ်သက်ခြင်း မရှိတော့ကြောင်း၊ ၄င်းတို့ထုတ်ပြန်ထားတဲ့ Zogam Charter ထောက်ခံခြင်း အားပေးခြင်း (endorsement) မှ ပယ်ဖျက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဇိုမီးအချင်းချင်း စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး အခုလို ထုတ်ပြန်တာဖြစ်ကြောင်းလဲ ထည့်သွင်းထားပါတယ်။
Zomi Innkuan USA Inc., (ZIUSA) @ Zomi Community USA အဖွဲ့အစည်းဟာ social organization အဖြစ် March 26, 2005 မှာ Zomi Innkuan အဖွဲ့ ၆ ဖွဲ့နှင့် တည်ထောင်ထားတဲ့ အဖြစ်အစည်းဖြစ်ပြီး အခုလက်ရှိမှာတော့ Zomi Innkuan အဖွဲ့ ၄၇ အခုအထိရှိနေပြီဖြစ်ပါတယ်။

Hits: 0
