စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့မှာ နိုဝင်ဘာလ ၇ရက် ယမန်နေ့ည ၅နာရီဝန်းကျင်အချိန်စပြီး KIA၊ PDF နဲ့ ABSDF ပူးပေါင်းတပ်ဖွဲ့တွေက ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲ စတင်ဖော်ဆောင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွါးချိန်မှာ အလံဖြူပြပြီး လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ရှိတယ်လို့လည်း မြေပြင်သတင်းအရသိရပါတယ်။

မြို့အတွင်းဖုန်းလိုင်းများဖြတ်တောက်ထားတာကြောင့် အကုန်အပြီးသတ် မြို့ကိုသိမ်းနိုင် မသိမ်းနိုင်ကိုတော့ မသိရသေးပေမယ့် အဓိကနေရာတွေကို သိမ်းနိုင်ပြီလို့လည်း မြေပြင်နှင့်နီးစပ်သူတစ်ဦးထံက သိရပါတယ်။ “ဖုန်းလိုင်းတွေပိတ်ထားတယ်။ အချိတ်ဆက်လုပ်ဖို့နည်းနည်းခက်တယ်။ Icon နဲ့ ပဲချိတ်ဆက်ရတယ်။ မနေ့ညကတည်းက လက်နက်ချတဲ့ စစ်သားတစ်ချို့ရှိတယ်။ မြို့က သိမ်းနိုင်ပြီလို့ ပြောလို့ရပါတယ်။ မကြာခင် အပြီးသတ်မှာပါ”လို့ ၎င်းကပြောပါတယ်။

အမျိုးသား ညီညွှတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး Dr Tu Hkawng ကလည်း ၎င်းရဲ့ Facebook စာမျက်နှာကနေတစ်ဆင့် “ပင်လည်ဘူး Save ထားပြီ”လို့ မျှဝေထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာ ပင်လယ်ဘူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ကို သိမ်းနိုင်ခဲ့ပြီး ထိန်းဖို့အခက်အခဲရှိတာကြောင့် ပြန်ဆုတ်ပေးခဲ့ရတဲ့ မြို့လည်းဖြစ်ပါတယ်။ ပင်လယ်ဘူးမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ပါက စစ်ကိုင်းတိုင်းမှာ တစ်ပတ်အတွင်း သိမ်းပိုက်နိုင် ၃ ခုမြောက် မြို့ဖြစ်လာမှာ ဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed