ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို ယနေ့ (နိုဝင်ဘာ ၁၅ ရက်) မနက် ၅ နာရီကျော်ခန့်တွင် CNO / CNDF တပ်ဖွဲ့မှ တိုက်ခိုက်သိမ်း လိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း CNDF သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုနှင့် လက်နက်သိမ်းဆည်းရရှိမှုအရေအတွက်ကို CNO/CNDF တပ်ဖွဲ့မှ တရားဝင် ထုတ်ပြန်မှ သာ သိရှိရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး CNDF တပ်ဖွဲ့ ဝင်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ အတည်ပြုပြီးမှသာ ပြန်ပြီး ထုတ်ပြန်မှာပါ၊ အခုလောလောဆယ်တော့ စစ်မြေပြင် ရောက်ရှိ နေကြသေးလို့ပါ၊ CNO/CNDF ရဲ့ Official Page ကနေ ထုတ်ပြန်ပြီးမှသာ အတည်ပြုပြောပြပေးလို့ရ မယ်ခင်မျာ၊ လက်နက်ရရှိမှုနဲ့ စစ်ကောင်စီ ဘက်ကသေဆုံးမှုကတော့ အခုလောလောဆယ် တင်မလို့မရသေး လို့၊ ကျနော်တို့ CNDF ဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး၊ ကျဆုံးမှုမရှိဘူးခင်မျာ” ဟု CNDF သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြော ကြား သည်။

သီးဘွာလ် စစ်ကောင်စီ စစ်တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်သူ စစ်ကောင်စီတပ်သားများသည် အိန္ဒိယနိင်ငံ မီဇိုရမ် ပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ် ဗာဖိုင်(Vaphai) ကျေးရွာရှိ အန္ဒိယစစ်တပ် အာသန်ရိုင်ဖယ်တပ်ဖွဲ့ (Asam Rifile ) ကကယ်ထုတ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

အဆိုပါ သီးဘွာလ်စခန်းကို CNDF တပ်ဖွဲ့တစ်ခုတည်းကသာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက် တုန်းကလည်း ဖလမ်းမြို့နဲ့ ကလေးလမ်းမပေါ်ရှိ ဗါရ်းစစ်စခန်းကိုလည်း CNDF မှ သိမ်းပိုက်ခဲ့သည်။ နိုဝင်ဘာ လ ၁၃ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ် စစ်တပ်စခန်းနှင့် တီအိုချောင်းရှိ စစ်တပ် စခန်း ၂ ခု ကို CNA, PDA နှင့် CDF – Hualngo တို့ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed