ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ “တောင်ရှည်တောင် ဗျူဟာကုန်းကြီး” တစ်ခုလုံးမှ တစ်ယောက်မကျန် လက်နက်ချအညံ့ခံခဲ့ပြီးဖြစ်‌ ကြောင်း ရက္ခိုင်တပ်တော် (AA) ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်သည်။ တင်းမဗျူဟာ ဟု ခေါ်သည့် အဆိုပါ ဗျူဟာကုန်းစခန်းကို AA က ၂၀၂၃ ဒီဇင်ဘာနောက်ဆုံး အပတ်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်၊ ည (၉) နာရီခန့်တွင် သိမ်းနိုင်ခဲ့ ခြင်း ဖြစ်သည်။

ယင်းဗျူဟာစခန်းမှ စစ်ကောင်စီတပ်များ လက်နက်ချခဲ ခြင်းနှင့်ပတ်သက်ပြီးနောက်ဆက်တွဲ သတင်းများကို ယနေ့တွင် ဆက်လက် အသိပေးမည်ဟု သိရသည်။ တောင်ရှည်ဗျူဟာကုန်းသည် ကုလားတန်မြစ် ​အနီးတွင်တည်ရှိပြီး မြစ်အထက်ပိုင်းနှင့် ကုလာတန်မြစ်စီမံကိန်းများကိုစိုးမိုးနိုင်ကာ စစ်​ရေးအရအ​ရေးပါ​သော ​နေရာဖြစ်​ကြောင်း ​ဒေသခံအချို့က ​ပြော သည်။ ထို​ကြောင့်စစ်တပ်က အခိုင်အမာတည်​ဆောက်တပ်စွဲထားခြင်းဖြစ်ပြီး ​တောင်ရှည်ဗျူဟာကုန်း ရပြီး​နောက် AA က ကုလားတန်မြစ်တစ်​လျှောက်ရှိ စစ်တပ်စခန်းများ၊ ကုန်းများ ဆက်လက်သိမ်းပိုက်နိုင်​ကြောင်း ​ဒေသတွင်း စစ်​ရေး​လေ့လာသူ အချို့က​ ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) မှ လက်ရှိထိုးစစ်ဆင်နေသော ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့် စောလျင်စွာဆုံးဖြတ်ချက်ချ၍ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်သည်ဟု AAက သတိ​ပေးသည်။ ၁၀၂၇ စစ်ဆင်ရေးတစ်လျှောက်တွင် အသာတကြည် လက်နက်ချအညံ့ခံလာသူ “ရန်သူ့တပ်ဖွဲ့ဝင်များ” အား ၎င်းတို့၏ စိတ်ဆန္ဒအတိုင်း အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလာခဲ့သည်မှာလည်း အစောပိုင်းကာလများမှ လက်နက်ချ အညံ့ခံခဲ့၍ အသက်ချမ်းသာရာရရှိသွားကြသောသူများ အားလုံးအသိပင်ဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်ထိ လက်နက်ချအညံ့ခံသော စစ်​ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်မှာ (၃၀၀၀) မှ (၄၀၀၀) နီးပါးအထိရှိလာခဲ့ပြီဖြစ်သည်ဟု ဖော်ပြသည်။ “ စောစောလက်နက်ချလျှင် စောစောအသက်ဘေးမှ လွတ်မယ်”၊ “ပြည်သူ့ရင်ခွင် စောစောခိုလှုံလျှင် မိသားစု၊ ဆွေမျိုး၊ ညီအစ် ကိုမောင်နှမများနှင့် စောစော တွေ့ရလိမ့်မယ်” စောစော လက်နက်ချအညံ့ခံလျှင် မနက်ဖန်တွင် အသက်ရှင်ကျန်ရစ်သူဟာ သင်သာလျှင်ဖြစ်လိမ့်မယ်” ဆိုသည်မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှူး၊ တပ်သားအချင်းချင်းတို့အကြား အပြောအများဆုံး စကားဖြစ် ကြောင်း ထုတ်ပြန်သည်။

အမှန်တကယ်လည်းပဲ ဤအဖြစ်အပျက်များသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နေ့တိုင်းနီးပါး ဖြစ်ပျက်နေခဲ့သည့် ဖြစ်ရပ်မှန်များဖြစ်သည်ဟု ဆိုသည်။ ဇန်နဝါရီလ (၅) ရက်နေ့တွင် ဒကစ (လောက်ကိုင်) တစ်ခုလုံး တစ်ယောက်မကျန် လက်နက်ချအညံ့ခံခြင်းက မည်ရွေ့မည်မျှမှန်ကန်နေကြောင်း အနီးစပ်ဆုံးသက်သေဖြစ်သည်ဟုလည်း ဖော်ပြသည်။ခေါင်းဆောင်တစ်ယောက်သည် သူ၏ရဲဘော်များနှင့် ၎င်းတို့မိသားစုများအားလုံး၏ အသက်ကို တန်ဖိုးထားသောအားဖြင့် ဂုဏ်သိက္ခာ၊ မာန်မာနတို့ကိုခဝါချပြီး လက်နက်ချ အညံ့ခံခဲ့သော်လည်း သူ့လက်အောက်ငယ်သားများက သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ကြမည်မှာ အမှန်ဖြစ်သည်ဟု ဆိုသည်။

“အသက်ကိုဉာဏ်စောင့်” ဆိုသော်လည်း မိမိတို့ သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များရှိ စစ်ကောင်စီတပ်ဖွဲ့တိုင်း၏ အသက်သည် မိမိတို့၏ညီနောင်မဟာမိတ်များအပေါ်တွင် အဓိကမူတည်သည်ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အရေးနိမ့်ပြီး ထွက်ပြေးကြသူများနှင့် စစ်ရှုံးဒဏ်အရသာကို မြည်းစမ်းဖူးကြသောသူများမှ ကောင်းစွာသိရှိပြီး ဖြစ်သည်ဟုဆိုသည်။

Hits: 1

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed