August 18, 2023 || Tongsan Media Group ||

အမျိုးသားညီညွတ်ရေးအစိုးရ အမှတ် ၁ စစ်ဒေသဟု သတ်မှတ်ထားသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် ရှမ်းပြည် နယ် မြောက်ပိုင်းတို့တွင် လိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၄၃၉ ကြိမ်ဖြစ် ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၄၀၀ ဦးသေဆုံးခဲ့ရပြီး၊ ၅၇၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန က တရားဝင် သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်၂၆ ဦး တိုင်းပြည် နှင့်ဖက်ဒ ရယ်ဒီမိုကရေစီ စနစ်အတွက် အသက်ပေးလှူခဲ့ရပြီး တော်လှန်ရေးရဲဘော် ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန က တရားဝင် သတင်းထုတ်ပြန်သည်။ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်မှ အသုံးပြုသော လက်နက်မျိုးစုံ ၂၆ လက် အပါအဝင် ဒရုန်း ၁ စီး၊ ဗုံးသီး ၁ လုံး၊ ကျည်အမျိုးစုံ ၈၄ တောင့် သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီစစ်တပ်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF နှင့် EROs ပူးပေါင်း အဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၅၆ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၉၃ ကြိမ်၊ ပစ်ခတ်တိုက် ခိုက်မှု ၁၈၈ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၇၉ ကြိမ်ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၀၊ ဒရုန်း ဖြင့် တိုက်ခိုက်မှု ၃ ကြိမ် ရှိကြောင်း သိရသည်။

Source: Khit Thit

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed