ဆွီဒင်နိုင်ငံရဲ့ နေတိုး (NATO) အဖွဲ့ဝင် လျှောက်ထားမှုကို သမ္မတ အာဒိုဝမ်က အောက်တိုဘာ ၂၃ ရက်မှာ ထောက်ခံကြောင်း လက်မှတ်ရေးထိုးပြီး လွှတ်တော်ကို ပို့ပေးလိုက်ပြီလို့ တူရကီသမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ တူရကီ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုပြီး တူရကီလွှတ်တော်အနေနဲ့ အမြန်ဆုံး မဲခွဲ ဆုံးဖြတ် အတည်ပြုမယ်လို့ မျှော်လင့်ကြောင်း ဆွီဒင်အစိုးရက ပြောထားပါတယ်။

ဆွီဒင်ရဲ့ လျှောက်ထားမှုကို တူရကီက အချိန်ဆွဲဆိုင်းငံ့ထားတာဟာ ငြီးငွေ့စရာကောင်းလာပြီလို့ နေတိုး အတွင်းရေးမှူးချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ဖော်ပြောဆိုအပြီးမှာ အခုလို သမ္မတ အာဒိုဝမ်က ထောက်ခံအတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ ရုရှားအစိုးရ သတင်းတွေကတော့ ဆွီဒင်သာ နေတိုးအဖွဲ့ဝင်ဖြစ်ရင် ဘောလ်တစ်ပင်လယ် ရေကြောင်းလမ်းဟာ ရုရှားအတွက် လုံးဝ ပိတ်ဆို့ခံရမှာ သေချာနေပြီလို့ ဖော်ပြနေတာ တွေ့ရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed