ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့ က ယနေ့ မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIO/KIA သတင်းနှင့်ပြန်ကြား​ရေးဌာတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက​ပြောသည်။

ရွှေကူ-ဗန်းမော် လမ်း ငဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၆၀၂) အထိုင်စခန်းနှင့် ခလရ(၅၆) တပ်စခန်းကို အောက်တိုဘာ ၁၈ ရက်မနက်ပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုကချင် စစ်ရေးသတင်းရင်းမြစ်ကတစ်ဦးကလည်း ပြောသည်။

“မနက် ၆နာရီခွဲမှာ ၆၀၂ စခန်းသိမ်းလိုက်တယ်။ ၁၀နာရီ ၄၀ မှာ ၅၆စခန်းကို ထပ်ပြန်သိမ်းတယ်။ ငဘတ်ကြီးမှာပဲ စခန်း ၂ခုကပ်လျပ်ရှိယ်။ စကစတွေ ရွှေကူမြို့ဘက် ဆုတ်သွားကြတယ်။ စခန်းအကုန် ငါတို့ မီးရှို့လိုက်ပြီ” ဟုအထက်ပါ ကချင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်အချို့နှင့် ခဲယမ်း၊ ကျည် အများအပြား၊ စစ်အသုံးအဆောင် ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ သိမ်းဆည်းရရှိသည့် ပစ္စည်းများကို ဖွင့်ဖောက်ရခြင်းမရှိသေး၍ သိမ်းဆည်းရရှိခဲ့သည့် ခဲယမ်း၊ ကျည်များ ယခုထက်ပိုများနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ ပစ္စည်းတွေ များတယ်။ မဖွင့်ရသေးတာတွေရှိသေးတယ်။ ကားတစ်စီး ပါသေးတယ်” ဟု၎င်းကဆက်​ပြောပြောသည်။ စခန်းနှစ်ခုကိုတိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် စခန်းအတွင်း ရှိ အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုဗိုလ်မှူးကြီးနော်ဘူကဆက်​ပြောသည်။ ယနေ့ တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိ အခိုက်မရှိကြောင်း ပြောပြသည်။

စခန်းလက်လွတ်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်သည် ရွှေကူမြို့ပေါ် တပ်စွဲထားသည့်နေရာများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ကချင်ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က လေကြောင်း အသုံးပြု တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသော်လည်း ယနေ့မနက် စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်တွင် စစ်ကောင်စီဘက်က လေကြောင်းမှ လာရောက်ပစ်ကူပေးခြင်းမရှိဟု သတင်းရင်းမြစ်က ပြောသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed