August 7, 2023 || Tongsan Media Group ||

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) က ယနေ့ ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ဩဂုတ် ၆ရက် နံနက်မှ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ SSPP ရဲဘော် တစ်ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရ စာရင်းကို သီးခြားအတည်မပြုနိုင်သေးဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သား နှစ်ဦးအရှင်ဖမ်းမိပြီး စစ်သုံးယာဉ် တစ်စီးကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ပင်လုံ – လဲချား – မိုင်းနောင် နှင့် လဲချားမြိုနယ်ရှိ နမ့်တိန်းတံတားအဝင် နေရာများ၌ သွားလာခွင့်ပိတ်ပင်ထားသည်ဟု ဆိုသည်။

တိုက်ပွဲကြောင့် လဲချားမြိုနယ် ဟိုင်းဆိုင်အုပ်စု တိုက်ပွဲနှင့်နီးသည့် နောင်ကျန်ကျေးရွာ၊ နမ့်ပေါက်ကျေးရွာ၊ နမ့်လုတ် ရွာများမှ ဒေသခံရွာသူရွာသားများ ဟိုင်းဆိုင်ကျေးရွာ ဘက်သို ထွက်ပြေးသိမ်းရှောင်ခဲ့ရပြီး မတ်လန်းကျေးရွာဒေသခံများ လဲချားမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း အသိပေးသည်။

ဒေသတွင်း၌ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲထပ်ဖြစ်နိုင်သည်ဟု SSPPက ထုတ်ပြန်သည်။ အဆိုပါဒေသရှိ SSPP တပ်စခန်း နေရာ ၁၀ခုကို စစ်ကောင်စီက ဖယ်ရှားပေးရန် အကြောင်းကြားခဲ့သော်လည်း SSPP ဘက်က လက်မခံသည့်အပေါ် စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုက ယမန်နေ့တွင် လူထုနွေဦးသို့ ပြောကြားထားသည်။

Source: People’s Spring

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed