TNLA ထိန်းချုပ်သည့် ကျောက်မဲမြို့ ဗုံးကြဲခံရမှု ၆ လောင်းသာ ကောက်ယူနိုင်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဗုံးကြဲစဉ် သေဆုံးသူများအနက် ၆ ဦး၏ ရုပ်ကြွင်းများကိုသာ ကောက်ယူနိုင်သေးသည်၊ မြို့ပေါ်တွင် လူအသွားအလာ နည်းပါးသွားသည်ဟု မြို့ခံများထံက သိရသည်။ နိုဝင်ဘာ ၃၀ ညနေ ၆ နာရီခွဲခန့်တွင် စစ်လေယာဉ်တစ်စီးက ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်ကို ဗုံးချ ခဲ့ရာ ပြင်းထန်သောပေါက်ကွဲမှုကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရသူ…
ခန္တီးမြို့နယ်အတွင်း စစ်ကောင်စီ နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးကာ ၃ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့်အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးကာ ၃ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ခန္တီးမြို့နယ်၊ ချောင်းသုံးခွဘက်ကို စစ်ကြောင်းထိုးလာသော…
တောင်ကိုရီးယားတွင် အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာ
တောင်ကိုရီးယား သမ္မတ ယွန်ဆော့ယိုးက ရုပ်မြင်သံကြားမိန့်ခွန်းမှတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်ပြီး နိုင်ငံ၏ အဓိကအတိုက်ခံပါတီဖြစ်သည့်ကိုရီးယားဒီမိုကရေစီပါတီ (DPK) က အုပ်ချုပ်၍မရအောင် လုပ်ဆောင်နေကြောင်း ပြောဆိုလိုက်သည်။ သမ္မတယွန်းက အရှက်တရားကင်းမဲ့သည့် မြောက်ကိုရီးယားကိုထောက်ခံသည့် နိုင်ငံတော်ဆန့်ကျင်ရေး အင်အားစုများကို တိုက်ဖျက်ချေမှုန်းသွားမည်ဟုဆိုကာ ကြိုတင်အသိပေးခြင်းမရှိဘဲ ထုတ်လွှင့်သည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် စစ်အုပ်ချုပ်ရေးကိုကြေညာခဲ့ခြင်းဖြစ်သည်။ ၁၉၈၀ နောက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံတွင် ပထမဆုံးအကြိမ် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာ…
မင်းတပ်နဲ့ ဖလမ်းမြို့တွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းညီနောင်တပ်ဖွဲ့ ပြော
ချင်းပြည်နယ် မင်းတပ် ဖလမ်းမြို့ နှစ်မြို့မှာ ရှိတဲ့ စစ်အုပ်စု စခန်းတွေကို တော်လှန်ရေးအင်အားစု ဖြစ်တဲ့ ချင်းညီ နောင် တပ်ဖွဲ့ဝင်တွေက ထိုးစစ်ဆင်တိုက်ခိုက်ပြီး ထိန်းချုပ်ထားနိုင်ပြီလို့ချင်းညီနောင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီဇင်ဘာလ ၃ ရက် ဒီကနေ့မှာ ပြောပါတယ်။ ချင်းပြည်နယ် တောင်ပိုင်းမှာတည်ရှိတဲ့ မင်းတပ်မြို့နဲ့ ၊ ချင်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ ဖလမ်းမြို့တို့ရှိ စစ်အုပ်စု…
ဆေးရုံဆေးခန်းတွေ တိုက်ခိုက်ခံရမှုကို တားဆီးအရေးယူဖို့ နိုင်ငံတကာကို NUG တိုက်တွန်း
ဆေးရုံ၊ ဆေးခန်းတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပြီး နိုင်ငံတကာအနေနဲ့ လျစ်လျူရှုမထားဘဲ ဖြစ်နိုင်တဲ့ နည်းလမ်းတွေသုံးပြီး တားဆီးအရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။ အခုလ ၂၆ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့…
ကလေး မြို့နယ်မှာ လက်နက်ကြီးကြောင့် သုံးရက်အတွင်း ငါးဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ နိုဝင်ဘာ ၂၆ ရက်နေ့ ၂၈ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ငါးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက ကလေးမြို့နယ်၊ လက်ပံချောင်းရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လေးဦး…
ဟားခါးအနီး စစ်ကောင်စီစခန်းသိမ်းပိုက်မှု တပ်ရင်းမှူးအပါအဝင် ၁၁ဦးသေ၊ ၁၉ဦး အရှင်မိ
ဟားခါးမြို့အနီးရှိ Ruavazung စစ်ကောင်စီစခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA)ပါဝင်သည့် ချင်းပြည်ကောင်စီပူးပေါင်းတပ်များက ယနေ့ (နိုဝင်ဘာ ၃၀ရက်) နံနက် ၉နာရီခွဲတွင် တိုက်ခိုက်သိမ်းပိုက်ရာ တိုက်ပွဲအတွင်း ဗိုလ်မှူးအဆင့်ရှိသူ တပ်ရင်းမှူး ပါဝင် ၁၁ ဦး သေဆုံးပြီး စစ်ကောင်စီတပ်သား ၁၉ဦးကို အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည် ။ " ဟားခါးမြို့နဲ့သိပ်မဝေးတဲ့နေရာက စခန်းပါ။ ဒီမနက်အစောပိုင်းမှာဘဲ ဝင်ပြီးတိုက်ခိုက်ခဲ့ကြတာ။ တရားဝင်သတင်းမထုတ်ပြန်သေးပေမယ့်…
ဖယ်ခုံမှာ စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ၊ ဒဏ်ရာရသူတိုးပွါးလာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ကုန်းပေါရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူ ခြောက်ဦး သေဆုံးပြီးနောက် ဆက်လက်ပစ်ခတ်နေလို့ နေရာရွေ့ပြောင်းရတယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။ နိုဝင်ဘာလ ၂၇ ရက်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ခြောက်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ရပြီးနောက်…
တွန်းဇံမြို့နယ်မှ စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်း ၁၀၀ ကျော် ပြည့်သူ့ရင်ခွင်ထံ အလင်းဝင်
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၀၀ ကျော် ပြည်သူ့ရင်ခွင်ထံအလင်းဝင် ခဲ့ပြီး လူဦးရေ ၃၀ ကျော်ကို ခံဝန်ထိုးပြီး ဘေးလွတ်ရာနေရာကို ပို့ဆောင်ထားပြီဖြစ်ကြောင်း တွန်းဇံ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ဩဂုတ်လအတွင်းက ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်၊ ပညာရေး၊ ကျန်းမာရေး၊ စာရင်းစစ်…
တွန်းဇံမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပြဿနာအချို့ရှိသော်လည်း နားလည်မှုဖြင့်လုပ်ဆောင်မည်ဟု CDF တွန်းဇံ ပြော
ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား ပြဿနာအချို့ရှိနေသော်လည်း ပြည်သူများ တော်လှန်ရေးအပေါ် အထင်မမှားစေရန် နားလည်မှုရှိရှိဖြင့် လုပ်ဆောင် သွားမည်ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ရှိသူ ဦးအဲလက်စ်က ပြောသည်။ စစ်တပ်အာဏာသိမ်းစကတည်းက CDF တွန်းဇံ ကို ဖွဲ့စည်းထားပြီး ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက ယခုနှစ် မေလတွင် တွန်းဇံမြို့ကို သိမ်းပိုက်ပြီးနောက် တွန်းဇံမြို့နယ်ကောင်စီဟူ၍ ဖွဲ့စည်းထားသည်။ အဆိုပါကောင်စီကို တွန်းဇံမြို့နယ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က…