မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး စစ်တပ် ကာကင်းစခန်းအား PDFသိမ်းပိုက်
စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီး ကာကင်းစခန်းအား စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ခန့် သေဆုံးကာ ၅ဦး အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ULF စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောသည်။ ယမန်နေ့ (ဇွန်လ ၁၁ ရက်) ညနေ ၅ နာရီခန့်က မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ မြောက်ဘက် တစ်မိုင်ခန့်အကွာ ဘုတလင်မြို့နယ်၊ ထီးတော်တင်ရွာရှိ အင်အား ၃၅…
တီးတိန်-တွန်းဇံ လမ်းပေါ်ရှိ ဇလွေး ချောင်းကူးတံတားကို စစ်ကောင်စီတပ်က ဗုံးခွဲဖျက်ဆီး
ဒီနေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွှဲ ၁ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီတပ်များမှ တီးတိန်မြို့ နှင့် တွန်းဇံမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်ရှိ ဇလွေးချောင်းကူး တံတားကို အမြောက်ဖြင့် ပစ်ခတ် ဖျက်ဆီး လိုက်တာကြောင့် ကျိုးကျသွားတယ်လို့ ဒေသမီဒီယာ တစ်ခုဖြစ်သော The Tedim Post ၏ ဖော်ပြချက်အရ သိရှိရပါတယ်။ “ဇလွေးချောင်းကူး…
တီးတိန်က မံဆောင်းတံတားကို စစ်ကောင်စီတပ် ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေပြော
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တီးတိန် - ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်က မံဆောင်းမြစ်ကူးတံတားကို ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ တီးတိန်မြို့ခံတွေက ပြောပါတယ်။ အင်အားလေးဆယ်ကျော်ပါတဲ့ စစ်ကြောင်းဟာ မံဆောင်းတံတားအနီးက လမ်းဇန်ရွာကို ဒီနေ့မနက်ပိုင်း ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တံတားကိုပါ မိုင်းခွဲဖျက်ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက Tongsan Media ပြောပါတယ်။ "မိုင်းခွဲသံတော့ကြားတယ်။…
ZFU/PDF Zoland တပ်ဖွဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၄) ဆင်းပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသည့် ဇိုလဲန်းပြည်သူ့ကာကွယ်ရေးတပ်(PDF-Zoland)၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇွန်လ (၁)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ဟု PDF- Zoland က ဇွန်လ ၇ရက် ထုတ်ပြန်အသိပေးသည်။ အဆိုပါ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၄) သင်တန်းဆင်းပွဲကို သင်တန်းသား ကျား ၆၆ ဦး, မ ၁၅ ဦး,စုစုပေါင်း ၈၁ ဦး…
တွန်းဇံမြို့သိမ်းတိုက်ပွဲရရှိသည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ထုတ်ပြ
ချင်းပြည်နယ် တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဒေသကာကွယ်ရေးတပ် (CDF)ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ လက်နက်အလက် ၁၁၀ကျော် ရရှိခဲ့ပြီး အဆိုပါ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံမှတ်တမ်းကို ချင်းအခြေစိုက် သတင်းဌာန အချို့က ယမန်နေ့(ဇွန်လ ၄ရက်) တွင် ဖော်ပြခဲ့သည်။ မေလ ၁၇ရက်မှ ၂၁ရက်အတွင်း တစ်ပတ်ကြာမြင့်ခဲ့သည့် တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ခလရ(၂၆၉)တပ်မှ တပ်ဖွဲ့ဝင် ၄၀ဦး…
မြန်မာပြည် ငြိမ်းချမ်းရေး ပုပ်ရဟန်းမင်းကြီး ဆုတောင်းမေတ္တာပို့
ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှား နိုင်ငံတွေအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ “မြန်မာ၊ ယူကရိန်း၊ အစ္စရေးနဲ့ ပါလက်စတိုင်းဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေး ဆုတောင်းပေးကြဖို့လည်း မမေ့ကြပါနဲ့” လို့ ဗာတီကန်ကျောင်းတော်မှာ တနင်္ဂနွေနေ့က ပုပ်ရဟန်းမင်းကြီး Francis မိန့်ကြားခဲ့တာပါ။ စစ်ဘေးဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံအပါအဝင် အာဖရိကတိုက်နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းနိုင်ငံတို့မှာ…
စစ်တွေ ဗျိုင်းဖြူရွာ အစုလိုက်သတ်ဖြတ်မှု NUG ပြင်းထန်စွာရှုတ်ချ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ရွာသားတွေကို အစုလိုက်အပြုံလိုက် နှိပ်စက်သတ်ဖြတ်ခဲ့တာကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇွန်လ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ မေလ ၂၉ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဗျိုင်းဖြူရွာကို အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး တစ်ရွာလုံးကို…
မင်းကင်းမြို့နယ် မင်္ဂလာပွဲ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၃၀ နီးပါးသေဆုံး
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က မင်္ဂလာပွဲတခုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၃၀ နီးပါး သေဆုံးပြီး နောက်ထပ် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်းလည်း အကူအညီပေးနေသူတွေက ပြောပါတယ်။ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ မတောရွာမှာ ဇွန် ၃ ရက် မနက်ပိုင်းက မင်္ဂလာပွဲ ကျင်းပနေချိန် စစ်ကောင်စီရဲ့…
NLD ပူးတွဲထူထောင်သူ နဲ့ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး သူရဦးတင်ဦး ဒီကနေ့မနက် ၈ နာရီ ၅၀မိနစ်မှာ ကွယ်လွန်သွား ပြီလို့ သားဖြစ်သူ ဦးသန့်ဇင်ဦးက ပြောပါတယ်။ မြန်မာ့ဓလေ့ အသုဘထုံးစံအရ ၅ ရက်တာ ထားရှိပြီး လာမယ့် ဇွန် ၅ ရက် ဗုဒ္ဓဟူးနေ့မှာ သဂြိုလ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ "၈ နာရီ ၅၀…
မင်းကင်းမှာ မင်္ဂလာဆောင် ဗုံးကြဲခံရလို့ လူနှစ်ဆယ်ကျော်သေဆုံး
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာက မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို ဇွန်လ ၃ ရက် မနက် ၈ နာရီ ၁၅ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၂၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ သုံးဆယ်ခန့်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး တစ်လုံးက မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့တာလို့…