တမူးတွင် စစ်သား ၃ ဦး လက်နက်နှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ တမူးမြို့ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း-၄ ထံသို့ ဇန်နဝါရီ ၁၅ ရက်တွင် တီးတိန်မြို့၊ ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား(၃)ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း သိရသည်။ အဆိုပါစစ်ကောင်စီတပ်သား(၃)ဦးသည် ယခင်က CDM ပြုလုပ်ထားသည့် ရဲဘော် ၂ ဦး၏ ချိတ်ဆက်မှုဖြင့် တမူးခရိုင်တပ်ရင်း(၄) ထံသို့ အလင်းဝင်လာခြင်းဖြစ်ကြောင်း တပ်ရင်း(၄)ကာကွယ်ရေးရဲဘော်တစ်ဦးက MPA ကိုပြောသည်။…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် တိုက်ပွဲပြင်းထန်၊ အတွဲလိုက်ဒုံးများ လေယာဉ်များဖြင့် စစ်ကောင်စီခုခံနေ

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်ကတည်းက ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများ နေ့စဉ် ပြင်းထန်လျက်ရှိနေရာ ယနေ့ (ဇန်နဝါရီ ၁၇) တွင်လည်း လေကြောင်းနှင့် စစ်တွေအခြေစိုက်တပ်များမှ အတွဲလိုက်ဒုံးကျည်များဖြင့်ပါ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ မင်းပြားမြို့တွင် စစ်ကောင်စီခြေမြန်တပ်ရင်းများဖြစ်သော အမှတ် (၃၇၉) ၊ (၃၈၀) နှင့်…

တီးတိန်မြို့နယ်၊ သိုင်းငင်းစခန်းပြန်ရရန် စစ်ကောင်စီ စစ်ကြောင်းထိုးလာ

စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ တပ်စခန်း ပြန်လည်ရရှိရေးအတွက် ယနေ့ (ဇန်နဝါရီ ၁၇) နံနက်တွင် အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်စပ် စစ်သားနှင့် ရဲအင်အား ၃၀ နီးပါးရှိသည့် အဆိုပါစခန်းကို ဇန်နဝါရီ ၁၂ မှ ၁၆ ရက်အတွင်း ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက…

AA ထိုးစစ်ကြောင့် စစ်ကောင်စီတပ်များ အိန္ဒိယဘက် ထွက်ပြေးခြင်းက အစဉ်အလာဖြစ်လာ

ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်များ အိန္ဒိယဘက် ထွက်ပြေးခြင်းက အစဉ်အလာတစ်ခု ဖြစ်လာပြီး ယနေ့ (ဇန်နဝါရီ ၁၇) တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦးသည် နယ်စပ်ဖြတ်ကျော်ပြီး ထပ်မံထွက်ပြေးလာကြောင်း အိန္ဒိယသတင်းဌာနများက ရေးသားကြသည်။ ၎င်းတို့သည် ယနေ့ ညနေ ၄ နာရီခန့်တွင် မြန်မာဘက်မှ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်ထဲသို့ ရောက်လာသည်ဟု မီဇိုရမ်နှင့်…

မိုရေးမြို့တွင် ကူကီးလူမှုအဖွဲ့အစည်းများက အပြစ်မဲ့အရပ်သားနှစ်ဦးအား တရားမ၀င်ဖမ်းဆီးခြင်းအား ဆန့်ကျင်ဆန္ဒပြ

မဏိပူရ်ပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့မှာ ဇန်နဝါရီ ၁၆ရက်နေ့တွင် ကူကီး-ဇို အမျိုးသမီးများ မှ ငြိမ်းချမ်းစွာထိုင်သပိတ်ကို ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ ဇန်နဝါရီ ၁၅ရက်နေ့က မဏိပူရ် ရဲကိုမန်ဒိုများ မတရားဖမ်းဆီးခဲ့တဲ့ အပြစ်မဲ့ကူကီးအမျိုးသား ခေါင်းဆောင် နှစ်ဦးကိုချွင်းချက်မရှိ လွှတ်ပေးရန်အတွက် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်တယ်လို့ အမျိုးသမီးတဦးပြောပြပါတယ်။ Kuki Inpi Tengnoupal၊ Kuki Students Organisation နှင့်…

ထီးချိုင့်မှာ စစ်တပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲ

စစ်ကိုင်း နဲ့ ကချင် အစပ်ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ကနေ စတင်ခဲ့တဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ နှစ်ဖက် ဒီကနေ့…

ရခိုင်ပြည်နယ်၊ ကျောက်တော်မှ စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံး AA ထံ လက်နက်ချ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်ရွာအခြေစိုက် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (၅၃၉) တပ်ဖွဲ့ဝင်များ ယနေ့ (ဇန်နဝါရီ ၁၆) တွင် ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချလိုက်ကြသည်ဟု ဒေသတွင်းသတင်းဌာနများနှင့် ဒေသခံများထံမှ သိရသည်။ အဆိုပါ ခမရ-၅၃၉ တပ်ရင်းသည် ရန်ကုန်-စစ်တွေ ကားလမ်းမဘေး၊ ကန်စောက်တောင်ခြေရင်းတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် ယနေ့ည ၇ နာရီခန့်က…

ရှမ်းမြောက်တွင် တိုက်လေယာဉ် ပစ်ချနိုင်ခဲ့ဟု KIA အတည်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတွင် ဗုံးလာကြဲသည့် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီးကို ယနေ့ (ဇန်ဝါရီ ၁၆) နံနက်ပိုင်းတွင် ပစ်ချနိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့မွန်းလွဲပိုင်းတွင် အတည်ပြုသည်။ မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ နမ့်ဖက်ကာရွာရှိ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၁၂၃ စခန်းကို KIA က ယမန်နေ့ (ဇန်နဝါရီ…

တီးတိန်မြို့နယ်၊ သိုင်းငင်း စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ချင်းပြည်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး တပ်တွေက ဒီမနက် ဇန်နဝါရီလ ၁၆ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်လို့ CDF - Civic…

တီးတိန်မြို့နယ်၊ သိုင်းငင်းစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇန်နဝါရီ ၁၂ရက်နေ့ ညနေပိုင်းကစပြီး ဇန်နဝါရီ ၁၃ ရက် နေ့လည်ပိုင်းအထိ CNA, CDF-CDM Siyin, CDF-KKG, CDF -Thantlang, CDF-Hakha, CDF-Zanniatram, PDA leh CDF-Hualngoram ပူးပေါင်းတပ်ဖွဲ့တို့ ကြား တိုက်ပွဲဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်းမှာ ဒေသကာကွယ်ရေးဘက်က အဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ပြီး ခုနှစ်ဦး…

You missed