မြန်မာအိမ်အကူကို သေဆုံးသည်အထိ ညှဉ်းပမ်းနှိပ်စက်ခဲ့သည့် အိမ်ရှင်အား ထောင်ဒဏ်ထပ်မံချမှတ်
June 27, 2023 || Tongsan media Group || စင်ကာပူ၌ မြန်မာအိမ်အကူအား သေဆုံးသည်အထိ ညှဉ်းပမ်းနှိပ်စက်ခဲ့သည့် အိမ်ရှင်သားအမိအနက် မိခင်ဖြစ်သူက ၎င်း၏သားမက်အား သက်သေပါရှိသည့် စီစီတီဗွီမှတ်တမ်းကိုဖျောက်ဖျက်ရန်ခိုင်းခဲ့သဖြင့် ထောင်ဒဏ်ထပ်တိုးချမှတ်ခံရသည်ဟုသိရသည်။ အသက် ၆၄ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးအား သက်သေဖျောက်ရန်ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်သုံးနှစ်ထပ်မံချမှတ်ခဲ့သည်ဟုဆိုသည်။ ၎င်းအမှု၌အိမ်အကူ ကလေးတစ်ယောက်မိခင် Single Mother ဖြစ်သည့် Ms.…