ဘဏ်များတွင် နိုင်ငံခြားငွေ ရောင်း၊ဝယ်မှုကို စစ်ကောင်စီကအလုံးစုံထိန်းချုပ်ထားသောညွန်ကြားချက်ထုတ်ပြန်
June 22, 2023 || Tongsan Media Group || စစ်ကောင်စီထိန်းချုပ်ထားသော ဘဏ်နှစ်ဘဏ်ကို အမေရီကန်အစိုးရက အရေးယူဒဏ်ခတ်သောနေ့တွင်ပင် စစ်ကောင်စီ၏ ဗဟိုဘဏ်ကဘဏ်များတွင် နိုင်ငံခြားငွေရောင်းဝယ်မှုကို အနီးကပ်စောင့်ကြည့်ထိန်းချုပ်ထားသော ညွန်ကြားချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ ဗဟိုဘဏ်က “နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဘဏ်နှင့် Customer အကြား ၊ Customer အချင်းချင်းအကြားအရောင်းအဝယ်များကို online ဖြင့် မြန်မာနိုင်ငံတာ်ဗဟိုဘဏ်…